
တောင်ငူ ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကေတုမတီခန်းမ၌ ယနေ့နံနက် ပိုင်းတွင် တောင်ငူခရိုင်ပန်းခင်းစီမံ ချက်လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်း အနား ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အမှာ စကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်ငူခရိုင် အတွင်း ပန်းခင်းစီမံချက် လျာထား ချက် ရာနှုန်းပြည့်ပြီးမြောက် အောင်မြင်ခဲ့သည့်အတွက် တောင်ငူ ခရိုင်အုပ်ချုပ်ရေးမှူး၊ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ အတွင်း ရေးမှူး၊ တောင်ငူခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဦးစီးမှူးတို့အား ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ် ချီးမြှင့်ပြီး ပန်းခင်းစီမံချက် ဆောင် ရွက်ခဲ့သည့် မှတ်တမ်းတင် ဓာတ်ပုံ များကို လှည့်လည်ကြည့်ရှုသည်။
တောင်ငူခရိုင်ကို မြို့နယ် ခြောက်မြို့နယ်၊ ရပ်ကွက် ၈၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၄၆ အုပ်စု၊ ကျေးရွာ ၁၃၀၃ ရွာဖြင့် ဖွဲ့စည်းထားရှိပြီး ပန်းခင်းစီမံချက် ဖြင့် လူဦးရေ ၃၃၆၄၅ ဦး ဆောင် ရွက် ပေးနိုင်ခဲ့ကြောင်း၊ ပဲခူးခရိုင်၌ ဇန်နဝါရီ ၁၀ ရက်တွင်လည်းကောင်း၊ သာယာဝတီခရိုင်၌ ဇန်နဝါရီ ၁၃ ရက်တွင်လည်းကောင်း၊ ပြည်ခရိုင် ၌ ဇန်နဝါရီ ၁၄ ရက်တွင်လည်း ကောင်း ပန်းခင်းစီမံချက် လျာထား ချက် ပြီးပြည့်အောင်မြင်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ငူ မြို့ ကေတုရတနာခန်းမသို့ရောက်ရှိ ပြီး ခန်းမပြန်လည်အဆင့်မြှင့်နိုင် ရေးနှင့် တောင်ငူမြို့ အဆင့်မြင့် မိုးလုံလေလုံ အားကစားခန်းမ ဆောက်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်