
တောင်ကုတ် ဇူလိုင် ၂၈
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အစိုးရအမှုထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁- ၂၀၂၂ Mini Budget တို့အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်အစားထိုးရွေးချယ်ပွဲ အခမ်းအနား ကို အ-ထ-က (၁) ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် သမဝါယမအသင်းစု အမှုဆောင်အဖွဲ့၊ အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်း သား အသင်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ဦးစံရွှေသာနှင့် မြို့နယ်အဆင့် ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌတို့က အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁ - ၂၀၂၂ Mini Budget တို့အတွက် အစီရင်ခံစာများကို အမှုဆောင်ဦးဇော်မင်းထွန်းနှင့် စာရင်း စစ် အစီရင်ခံစာကို ဦးသူရတို့က ဖတ်ကြားပြီးနောက် ယင်းအစီရင်ခံစာ နှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားရှင်းလင်းခဲ့ပြီး တက်ရောက်လာ သော အသင်းသား အသင်းသူများ၏ အတည်ပြုချက်ကို ရယူသည်။
ဆက်လက်၍ သဘာပတိအဖြစ် မြို့နယ်ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးနိုင်က အသင်းအမှုဆောင် အစားထိုးရွေးချယ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လစ်လပ်လျက်ရှိနေသော ဒုတိယ ဥက္ကဋ္ဌနေရာကို အဆိုပြုခြင်း၊ ထောက်ခံခြင်းများဖြင့် ရွေးချယ်ခဲ့သည်၊၊ ထို့နောက် အမှုဆောင်အဖွဲ့က တာဝန်ခွဲဝေပြီး သဘာပတိရှေ့မှောက် တွင် ကတိသစ္စာခံယူခဲ့ကြပြီး အသင်းမှ အသင်းသား ပြည်သူများအား စုဆောင်းငွေအပေါ်အတိုးငွေကျပ်သိန်း ၆၁၂ ဒသမ ၂၂၂၃ ကို ထုတ်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်