တောင်ကိုရီးယားနှင့် အမေရိကန် ပင်လယ်ဝါဝေဟင်ထက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

 

 

ဆိုးလ်   ဇွန်  ၇ 
မြောက်ကိုရီးယားနိုင်ငံက ဇွန် ၅ ရက်က နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်ပြီးနောက်  တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ပင်လယ်ဝါဝေဟင်ထက်တွင် တိုက်ခိုက်ရေး  ဂျက်လေယာဉ် အစင်း ၂၀ ပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏ ခုနစ်ခုမြောက် နျူကလီးယားစမ်းသပ်မှုကို မကြာမီပြုလုပ်နိုင်ကြောင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန်တွင် ယခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 
တောင်ကိုရီးယားနိုင်ငံမှ ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်သည့်   လက်နက်တပ်ဆင်ထားသော F-35As  ရေဒါပျောက်ဂျက်လေယာဉ်များနှင့်  F-15 Ks လေယာဉ်များအပါအဝင်   စုစုပေါင်း   လေယာဉ် ၁၆ စင်းသည် အမေရိကန်ဘက်မှ F-16s တိုက်ခိုက် ရေး   လေယာဉ်လေးစင်းနှင့်အတူ   ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့သည်။ 
လွန်ခဲ့သော သီတင်းပတ်က တောင်ကိုရီးယား နိုင်ငံသည်   အမေရိကန်ပြည်ထောင်စုနှင့်အတူ သုံးရက်ကြာရေတပ်ဆိုင်ရာ   ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါလေ့ကျင့်မှုတွင် အမေရိကန် နျူကလီးယားစွမ်းအင်သုံး     လေယာဉ်တင်သင်္ဘော တစ်စင်း ပါဝင်ခဲ့သည်။ 
ဇွန် ၆ ရက်က နှစ်နိုင်ငံတပ်ဖွဲ့များသည် ဂျပန် ပင်လယ်ကိုဗဟိုပြုပြီး မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် ရှစ်စင်းပစ်လွှတ်ခဲ့သည်။ 
ဂျပန်နိုင်ငံအပါအဝင် သုံးနိုင်ငံ ပူးပေါင်းဆောင် ရွက်ခြင်း၏ အရေးပါပုံများကို အမေရိကန်ဒုတိယနိုင်ငံ ခြားရေးဝန်ကြီး  ဝမ်ဒီရှာမန်က  တောင်ကိုရီးယား ပထမအဆင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်ဒွန် နှင့် ဇွန် ၇ ရက်က တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။ 
အင်န်အိတ်ချ်ကေ