တောင်ကိုရီးယားနိုင်ငံ၌ ရုံးအဆောက်အအုံမီးလောင်မှုဖြစ်ပွား၍ ခုနစ်ဦးသေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိ

 

ဆိုးလ်    ဇွန်   ၉


တောင်ကိုရီးယားနိုင်ငံ         အရှေ့ တောင်ပိုင်း       ဒယ်ဂူးမြို့ရှိ      ရုံး အဆောက်အအုံတစ်ခု မီးလောင် မှုဖြစ်ပွားရာ   ခုနစ်ဦးသေဆုံးပြီး ၄၆ ဦး ဒဏ်ရာရရှိကြောင်း မီးသတ် အာဏာပိုင်များ၏ ပြောကြားချက် ကို ကိုးကားပြီး ယွန်ဟပ်သတင်း အေဂျင်စီက ဇွန် ၉ ရက်က ပြောကြားသည်။

 


မြို့တော် ဆိုးလ်မြို့၏ တောင် ဘက် ၃၀၀ ကီလိုမီတာခန့်အကွာ ဒယ်ဂူးမြို့ရှိ   ရုံးအဆောက်အအုံ ခုနစ်ထပ်တွင်   ဒေသစံတော်ချိန် နံနက် ၁၀ နာရီ   ၅၅   မိနစ်ခန့် တွင် မီးလောင်မှုဖြစ်ပွားကြောင်း၊ မီးခိုးငွေ့    ရှူရှိုက်မိခြင်းကြောင့် ခုနစ်ဦးသေဆုံးပြီး ၄၆ ဦး ဒဏ်ရာ ရရှိကြောင်း၊   အဆောက်အအုံမှ ဒါဇင်နှင့်ချီသည့် လူများထွက်ပြေး ကြကြောင်း သိရသည်။

 


မီးလောင်မှုဖြစ်ပွားရာ နေရာ သို့ မီးသတ်ကား ၅၀ နှင့် မီးသတ် တပ်ဖွဲ့ဝင် ၁၆၀ ခန့် သွားရောက် မီးငြှိမ်းသတ်ရာ မိနစ်  ၂၀  ခန့် အကြာတွင် မီးငြိမ်းသွားကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားရ သည့် အကြောင်းရင်းကို     စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။                        

 ဆင်ဟွာ