
ဆိုးလ် ဇွန် ၇
တောင်ကိုရီးယားနိုင်ငံ အာဏာပိုင်များသည် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်တည်ငြိမ်စေရန်အတွက် အရန်ငွေများသုံးစွဲခြင်းကြောင့် နိုင်ငံ၏ နိုင်ငံခြားအရန်ငွေ မေလတွင် သုံးလဆက်တိုက်ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ဇွန် ၇ ရက်တွင် ထုတ်ပြန်သော ဗဟိုဘဏ်အချက်အလက်များ အရ သိရသည်။
နိုင်ငံခြားအရန်ငွေသည် မေလကုန်တွင် အမေရိကန်ဒေါ်လာ ၄၄၇ ဒသမ ၇၁ ဘီလီယံရှိပြီး ယခင်လကထက် ၁ ဒသမ ၅၉ ဘီလီယံ ကျဆင်း ခဲ့ကြောင်း တောင်ကိုရီးယားဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။ အရန် ငွေများသည် မတ်လမှစတင်ကာ သုံးလဆက်ကျဆင်းလာခြင်း ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် ဧပြီလကုန်၌ နိုင်ငံခြားအရန်ငွေ အများဆုံးပိုင်ဆိုင်သည့် ကမ္ဘာ့နဝမမြောက် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခင်လကထက် အဆင့်တစ်ဆင့်ကျဆင်းလာကြောင်း သိရသည်။
ဆင်ဟွာ