
ဆိုးလ် ဇန်နဝါရီ ၂၅
တောင်ကိုရီးယားနိုင်ငံ၌ ဇန်နဝါရီ ၂၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၅၇၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ယင်း အရေအတွက်သည် တောင်ကိုရီးယားနိုင်ငံအတွက် ကူးစက်မှု စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြည်သူ့ ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။
ယခု သီတင်းပတ်ကုန်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၏ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်သည် ၁၀၀၀၀ ကျော်အထိ မြင့်တက်လာမည်ဟုလည်း ပြည်သူ့ ကျန်းမာရေးအာဏာပိုင်များက ခန့်မှန်းထားသည်။ ထို့ပြင် နိုင်ငံအတွင်း အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ လည်း များပြားလာနိုင်ခြင်းကြောင့် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကျန်းမာရေးစနစ်၏ မူဝါဒကို အပြောင်းအလဲလုပ်ရန် တောင်ကိုရီးယားနိုင်ငံ ပြည်သူ့ကျန်းမာရေး အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၌ ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများသည် နေအိမ်တွင် ခုနစ်ရက် ကြာ သီးသန့်ခွဲထားစောင့်ကြည့်မှုခံယူရမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံမှုခံယူရန် တာဝန်ရှိသူများက တိုက်တွန်း ထားကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-အလင်းသစ်