တောင်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

 

တောင်ကြီး    ဇန်နဝါရီ   ၈


ရှမ်းပြည်နယ်       (တောင်ပိုင်း) တောင်ကြီးမြို့နယ်တွင် ပန်းခင်း စီမံချက်ဖြင့်     အိမ်ထောင်စု လူဦးရေစာရင်းနှင့်       နိုင်ငံသား စိစစ်ရေးကတ်ပြား        ကွင်းဆင်း ဆောင်ရွက်ခြင်းကို  ဇန်နဝါရီ  ၈  ရက် နံနက် ၉  နာရီက တောင်ကြီး မြို့     ကျောင်းကြီးစုရပ်ကွက်   ရွှေသူဌေးကုန်း      ကရုဏာရှင်   နာမှုကူညီရေး      အသင်းရုံး၌        ပြုလုပ်ပေးသည်။

 


ရှေးဦးစွာ   လူဝင်မှုကြီးကြပ် ရေးနှင့်       ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းမင်းဇော် က       လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊   နေထိုင်သူ များအတွက်   မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့်ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိ ဒေသတွင်လည်း    အိမ်ထောင်စု လူဦးရေစာရင်းနှင့်    ကိုင်ဆောင် လက်မှတ်မရှိသူများ၊ ကတ်ပြား ပျောက်ဆုံး၊       ပျက်စီးမှုမရှိစေ ရေး၊    စနစ်တကျ   ကိုင်ကွယ် အသုံးပြုရမည့်     နည်းစနစ်များ ကို   အသိပညာပေး   ပြောကြား သည်။

 


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန     ခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ        ဦးဝင်းနိုင်နှင့် ဝန်ထမ်းများ၊   အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဦးနှင့်   တာဝန်ရှိသူများ က  ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းများ၊   နိုင်ငံသား စိစစ်ရေးကတ်ပြားများ    ဆောင် ရွက်ပေးနိုင်ခဲ့ပြီး ပန်းခင်းစီမံချက် ကာလအတွင်း    ပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေစာရင်းများ ကို  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းနှင့်  လက်ကမ်းစာစောင် များကို   အခမဲ့ဝေပေးခဲ့ကြောင်း      သိရသည်။   


 စိုင်းသန်းကျော်
(တောင်ကြီး)