တောင်ကြီးမြို့နယ် သမဝါယမအသင်းစုမှ မြေပဲဆီသန့်များထုတ်လုပ်ရောင်းချ

 

တောင်ကြီး   မေ   ၁
ရှမ်းပြည်နယ်တောင်ပိုင်း    တောင်ကြီးမြို့နယ်   သမဝါယမအသင်းစုမှ   အေးသာယာ၊   စက်မှုဇုန်ရှိ   အသင်းစုပိုင်ဂိုဒေါင်တွင်  အရည်အသွေး ပြည့်မီသော  မြေပဲဆန်များကို  ဝယ်ယူ၍ တောင်ကြီးသမဝါယမအသင်းစု ပိုင်ဆီစက်မှ တစ်နေ့လျှင် မြေပဲဆီသန့်ပိဿာချိန်  ၄၀  ထုတ်လုပ်လျက် ရှိသည်။ တောင်ကြီးမြို့နယ်  သမဝါယမအသင်းစုမှ ထုတ်လုပ်ရရှိသော မြေပဲဆီသန့်များကို    ရှမ်းပြည်နယ်အတွင်းရှိ    သမဝါယမအသင်း  အဆင့်ဆင့်မှ  အသင်းသားပြည်သူများသို့  လက်လီလက်ကားစနစ်ဖြင့်     ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး  နိုင်ငံတော်၏   ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို  သမဝါယမကဏ္ဍက  တစ်ဖက်တစ်လမ်းမှ  ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။                                                        
သတင်းစဉ်