
သီပေါ မတ် ၁၈
၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များ ဆက်ကပ်ပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တော် ခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့် အညီကျင်းပသည် ။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဂုဏ်ပြုမုဒိတာစကား ပြောကြားကာ သာသနာရေးဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသည်။
ရှမ်းပြည်နယ်အနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသူ ၂၇ ဦးရှိကာ ရဟန်းတော် အပါး ၂၀၊ သာသနာ့နွယ်ဝင်သီလရှင် ဆရာကြီးလေးပါးနှင့် လူပုဂ္ဂိုလ် သုံးဦးတို့ဖြစ်ပြီး စုစု ပေါင်း ဘွဲ့တံဆိပ်တော်ရရှိသူ ၂၇ ဦးတို့ဖြစ်သည်။
သီပေါမြို့နယ် လွယ်မုတ်တောင် ရွှေမောင်း သာသနဝေပုလ္လ သီလရှင်သင်ပညာရေးကျောင်း၏ ပဓာနနာယက သီလရှင်ဆရာကြီး ဒေါ်ဂုဏဝတီ ကိုလည်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဇနီးက မဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် ပူဇော်ကြောင်း သိရသည်။
စိုင်း(သီပေါ)