တောင်ကြီးမြို့၌ ဖူဆယ်ဘောလုံးနည်းပြဆရာ သင်တန်းဖွင့်

 

တောင်ကြီး  အောက်တိုဘာ ၂၃


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံး အဖွဲ့ ချုပ်နှင့်  ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏   ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်အတွက် AFC Futsal Level 1 Coaching Certificate Course (ဖူဆယ် နည်းပြဆရာ သင်တန်း) ကို အောက်တိုဘာ ၂၃   ရက် က   တောင်ကြီးမြို့ရှိ   ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌  ဖွင့်လှစ်ရာ   ပြည်နယ်ဝန်ကြီးချုပ်         ဒေါက်တာကျော်ထွန်း တက်ရောက်အားပေးသည်။

 


ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က တစ်မျိုးသား လုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက်ထားရှိ ဖော်ဆောင်လျက်ရှိပြီး ကျန်းမာကြံ့ခိုင်ရေးအတွက်လည်း အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ကြိုးပမ်းနေကြောင်း၊    ယနေ့ဖွင့်လှစ်သည့် သင်တန်းကို အာရှဘောလုံးအဖွဲ့ ချုပ်နှင့်     မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့    ပူးပေါင်းပြီး  အောက်တိုဘာ ၂၃ ရက်မှ   ၂၈   ရက် အထိ ဖွင့်လှစ်မည်ဖြစ်ကာ ရှမ်းပြည်နယ်တွင်   ပထမ ဆုံးအကြိမ်ဖွင့်လှစ်သည့်       သင်တန်းဖြစ်ကြောင်းနှင့်    အာရှဘောလုံးအဖွဲ့ချုပ်မှ     နိုင်ငံခြားနည်းပြ ဆရာကိုယ်တိုင်      လာရောက်သင်ကြားသော သင်တန်းဖြစ်၍   ကြိုးစားသင်ယူကြပြီး   ကိုဗစ်-၁၉   စည်းကမ်းများနှင့်အညီ   သင်တန်းကို     ပြီးဆုံးသည် အထိ တက်ရောက်ကြရန် ပြောကြားသည်။

 


သင်တန်းတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သင်တန်းသားများ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ/ခရိုင်နှင့် မြို့နယ် များမှ  သင်တန်းသား  ၁၂  ဦး၊  သင်တန်းသူ  ရှစ်ဦး တက်ရောက်ကြပြီး  နိုင်ငံတကာအသိအမှတ်ပြု လိုင်စင်ရ ဖူဆယ်နည်းပြဆရာများ ပေါ်ထွက်လာစေ ရန်နှင့် ပြောင်းလဲလာသည့် ဖူဆယ်နည်းဥပဒေသစ် များကို ခေတ်နှင့်အညီ  သိရှိနားလည်စေရန်အတွက် ထိုင်းနိုင်ငံမှ နည်းပြဆရာက သင်တန်းလာရောက်ပို့ချခြင်းဖြစ်ကြောင်း သိရသည်။


မောင်မောင်သန်း (တောင်ကြီး)