တောင်ကြီးမြို့၌ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်မည်

 

တောင်ကြီး    မတ်    ၁၇


အားကစားနှင့်    လူငယ်ရေးရာ ဝန်ကြီးဌာန        ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီး  ဌာန၏ လမ်းညွှန်မှုဖြင့် တောင်ကြီး မြို့နယ်   အားကစားနှင့်   ကာယ ပညာဦးစီးဌာနမှ   ၂၀၂၂    ခုနှစ် နွေရာသီ      အခြေခံအားကစား သင်တန်းအား    ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်     အညီ မတ် ၂၀   ရက်မှ   ဧပြီ ၃၀ ရက်ထိ   ဖွင့်လှစ်သွားမည်    ဖြစ်ကြောင်း သိရသည်။

 


အဆိုပါ         သင်တန်းတွင် ဘောလုံး၊   ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ အလေးမ/ကာယ ဗလ၊    ရိုးရာခြင်း၊   တိုက်ကွမ်ဒို၊ ကရာတေးဒို (ရှိုတိုကန်) / (ကျို့ခ် ရှင်း)၊      ဘိလိယက်/စနူကာ၊ စားပွဲတင်တင်းနစ်၊         တင်းနစ်၊ အေရိုးဗစ်/   Fitness     Dance၊ မြန်မာ့သိုင်း၊ ကြက်တောင်၊ ဂျူဒို၊  လက်ဝှေ့၊ ပြေးခုန်ပစ်၊ စစ်တုရင် နှင့်    ဘော်လီဘော       စသည့် အားကစားနည်း    ၁၈   မျိုးကို လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 


နွေရာသီ အခြေခံအားကစား သင်တန်းတွင် လေ့ကျင့်သင်ကြား ပေးမည့်       တာဝန်ခံသင်တန်း နည်းပြများ၏      ဖုန်းနံပါတ်၊ သင်တန်းဖွင့်လှစ်မည့်     နေရာ၊ ဆက်သွယ်ရန်ဖုန်း၊ ဖွင့်လှစ်မည့် အချိန်ဇယားကို       ပြည်နယ် အားကစားကွင်း၌ ကြေညာထားရှိ ပြီးကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ အရ      သင်တန်းသားဦးရေကို ကန့်သတ်ထားကြောင်း       သိရ သည်။                    

ဇော်နိုင်လင်း