တစ်ယောက်လျော့ ကိုမိုရို့စ်အသင်းကို အနိုင်ယူပြီး အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်တက်လှမ်းနိုင်ခဲ့သည့် အိမ်ရှင်ကင်မရွန်းအသင်း


 

 

အိမ်ရှင်   ကင်မရွန်းအသင်း နှင့်   ကိုမိုရို့စ်အသင်းတို့၏ အာဖရိကနိုင်ငံများ ဖလား ၁၆ အသင်းအဆင့် ပွဲစဉ်ကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်း က       ယှဉ်ပြိုင်ကစားခဲ့ရာ ကင်မရွန်းအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့်   အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်သို့  တက် လှမ်းနိုင်ခဲ့သည်။ 
ယခု        ပွဲစဉ်အတွက် အလှည့်အပြောင်းတစ်ခုကို ပွဲချိန် ခုနစ်မိနစ်တွင် ဖြစ်ပေါ် ခဲ့ပြီး ကိုမိုရို့စ်အသင်းမှ ခံစစ် ကစားသမား       အက်ဘ်ဒူ တိုက်ရိုက်အနီကတ်ပြ ထုတ် ပယ်ခံခဲ့ရသည်။ ထို့ကြောင့် ကိုမိုရို့စ်       အသင်းသည် လက်ကျန်          ပွဲချိန်များကို တစ်ယောက်လျော့ဖြင့် အိမ် ရှင်       ကင်မရွန်းအသင်းကို ရင်ဆိုင်ကစားခဲ့ရသည်။ 
ဦးဆောင်ဂိုးကို ကင်မရွန်း အသင်းက ပွဲချိန် ၂၉ မိနစ် တွင် ရရှိခဲ့ပြီး အဘူဘက်ကာ ၏   ဖန်တီးမှုမှ   အီကမ်ဘီ က သွင်းယူပေးနိုင်ခဲ့သည်။   မိနစ်   ၇၀  တွင် ကင်မရွန်း အသင်း   ဒုတိယဂိုးရရှိခဲ့ပြီး အဘူဘက်ကာက   သွင်းယူ ပေးနိုင်ခဲ့သည်။   ပွဲချိန်  ၈၁  မိနစ်တွင်   ကိုမိုရို့စ်အသင်း        ချေပဂိုးရရှိခဲ့ရာ     အမ်ချမ် ဂါမာက     သွင်းယူပေးနိုင်ခဲ့ သည်။      ထို့နောက်တွင် နှစ်သင်းစလုံး   လူစားလဲမှု ပြုလုပ်ကာ ဂိုးရရှိရေးကြိုးစား လာသော်လည်း         ထပ်မံ ဂိုးသွင်းယူနိုင်ခြင်း မရှိသော ကြောင့် ကင်မရွန်းအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ကာ နောက်တစ်ဆင့်   တက် ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ 
အခြားသော   ပွဲစဉ်တွင် ဂီနီယာအသင်းနှင့် ဂမ်ဘီ ယာအသင်းတို့    ယှဉ်ပြိုင် ကစားခဲ့ကာ       ဂမ်ဘီယာ အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး   ကွာတား ဖိုင်နယ်သို့   တက်ရောက်နိုင် ခဲ့သည်။         ထို့ကြောင့် ကင်မရွန်း        အသင်းသည် အာဖရိကနိုင်ငံများ  ဖလား ကွာတားဖိုင်နယ်တွင် ဂမ်ဘီ ယာအသင်းနှင့် ဇန်နဝါရီ ၂၉ ရက်တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။            အောင်ဇော်