
မတ် ၂ ရက်မှ ၈ ရက်အတွင်း ရန်ကုန်ဘုရင့်နောင်ဈေးကွက်၌ စားအုန်းဆီဈေး အကျကြမ်းလာသည်။ ကုလားပဲခြမ်းနှင့် ပဲစင်းငုံနီ ဈေးတက်လာသည်။ ဆန်ဈေးအေးနေဆဲရှိသည်။
ဆန်
မတ် ၈ ရက်တွင် နွေသီးထပ်နှင့် နှံကားဆန်ကြမ်းအသစ် လက်ကား တစ်အိတ် ကျပ် ၅၁၀၀၀၊ ရက် ၉၀ နွေဆန်ကြမ်းတစ်အိတ် ကျပ် ၅၇၀၀၀၊ ဘိုကလေးပေါ်ဆန်းဆန်အသစ် တစ်အိတ် ကျပ် ၆၇၀၀၀၊ ဖျာပုံပေါ်ဆန်းဆန်အသစ် တစ်အိတ် ကျပ် ၇၀၀၀၀၊ မြောင်းမြပေါ်ဆန်း ဆန်သစ်တစ်အိတ် ကျပ် ၇၃၀၀၀၊ မြောင်းမြပေါ်ဆန်းဆန် အဟောင်း တစ်အိတ် ကျပ် ၈၃၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်အသစ်တစ်အိတ် ကျပ် ၈၅၀၀၀ နှုန်း အသီးသီးရှိနေသည်။
ဆီ
မတ် ၆ ရက်မှ ၁၂ ရက်အထိ ရန်ကုန်အထိုင် လက်ကားရည်ညွှန်းဈေး စားအုန်းဆီတစ်ပိဿာဈေးနှုန်းမှာ ယခင်အပတ်အတိုင်း ဈေးနှုန်း မပြောင်းဘဲ ကျပ် ၄၆၀၀ နှုန်းရှိနေသည်။ သို့သော် ယခင်အပတ်အတွင်း အလှယ်လက်ငင်း လက်ကားပီပါဈေး တစ်ပိဿာလျှင် ကျပ် ၇၄၀၀ နှုန်းရှိခဲ့ရာမှ မတ် ၆ ရက်တွင် ကျပ် ၆၅၀၀ နှုန်း၊ မတ် ၇ ရက်တွင် ကျပ် ၆၃၅၀၊ မတ် ၈ ရက်တွင် ကျပ် ၆၂၅၀ နှုန်းသို့ ဈေးနှုန်းအကျကြမ်းလာ သည်။ တစ်ပတ်ဝန်းကျင်အတွင်း ရည်ညွှန်းဈေး မပြောင်းသော်လည်း အလှယ်ဈေးမှာ မြင့်တက်နေရာမှ တစ်ပိဿာကျပ် ၁၂၀၀ ဝန်းကျင် ဈေးနှုန်းကျဆင်းမှုရှိလာသည်။
ပဲ
မတ် ၈ ရက် ရန်ကုန်ပဲဈေးကွက်၌ မတ်ပဲ(RC)တစ်တန် ကျပ် ၁၈၇၉၀၀၀၊ (SQ/RC)တစ်တန် ကျပ် ၂၁၀၄၅၀၀၊ ပဲစင်းငုံနီ (Red/RC) တစ်တန် ကျပ် ၂၁၉၀၀၀၀၊ ပဲတီစိမ်းခရမ်းရွှေဝါထိပ်စ တစ်ပိဿာ ၃၉၁၅ ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ ကျပ် ၄၂၅၀/၄၆၀၀ နှုန်း ရှိနေ သည်။
ကြက်သွန်နီ
မတ် ၈ ရက်က ရန်ကုန်ဘုရင့်နောင် ဈေးကွက်သို့ ကြက်သွန်နီ နယ်စုံမှ ပိဿာချိန် ၁၈၀၀၀၀ ဝင်ရောက်လာသည်။ ယင်းနေ့တွင် ဆိပ်ဖြူ(ပင်လေး) ကြက်သွန်နီလက်ကားတစ်ပိဿာ လတ်ချော ကျပ် ၁၀၀၀၊ လတ်သန့် ကျပ် ၁၁၅၀၊ လတ်ကြီးကျပ် ၁၁၅၀၊ ရှယ် ၁၁၂၅ ကျပ်နှုန်းရှိပြီး မြစ်သားကြက်သွန်နီလတ်ချော လက်ကား တစ်ပိဿာ ကျပ် ၁၃၅၀၊ ကြားစ ကျပ် ၁၇၀၀၊ ခါးစ ကျပ် ၁၇၅၀ ၊ ရှယ်စ ကျပ် ၁၅၅၀ နှုန်းရှိသည်ဟု သိရသည်။ ပခုက္ကူနယ်ဈေးကွက်အတွင်း မတ် ၈ ရက် တွင် ကြက်သွန်နီ ၂၁၁၆၈ ပိဿာ ဝင်ရောက်ပြီး ကြက်သွန်နီ လက်ကားတစ်ပိဿာ အမြင့်ဆုံးဈေးမှာ ကျပ် ၁၀၅၀ ဖြစ်သည်။ မန္တလေးဈေးကွက်၌ ကျောက်ဆည်ကြက်သွန်နီ အမြင့်ဆုံးဈေး တစ်ပိဿာ ကျပ် ၁၆၀၀ ရှိသည်။ မတ် ၈ ရက် မြင်းခြံဈေးကွက်သို့ နွေကြက်သွန်နီ(ပင်လေး)ကုန်ချိန် ၂၈၀၀၀ ဝင်ရောက်ပြီး တစ်ပိဿာ ကျပ် ၉၀၀ မှ ၁၁၀၀ အတွင်း၊ မိုးကြက်သွန်ပိဿာချိန် ၂၅၀၀ ဝင်ရောက် ပြီး တစ်ပိဿာလျှင် ကျပ် ၄၀၀ မှ ၉၅၀ အတွင်း ဈေးနှုန်းရှိသည်ဟု ယင်းဈေးကွက်မှ သိရသည်။
ကြက်သွန်ဖြူ/ အာလူး/ ငရုတ်
မတ် ၈ ရက်တွင် ရှမ်းအောင်ပန်းကြက်သွန်ဖြူ လက်ကားတစ်ပိဿာ ထူး၂ ကျပ် ၃၃၀၀၊ ထူး၃ ကျပ် ၃၅၀၀၊ ထူး၄ ကျပ် ၃၇၀၀၊ ထူး၅ ကျပ် ၃၉၀၀ နှုန်းရှိပြီး ကြူကုတ်ကြက်သွန်ဖြူမှာ လက်ကားတစ်ပိဿာ ကျပ် ၃၆၀၀ နှုန်းရှိသည်။
မတ် ၈ ရက်တွင် ဆင်ဖြုကျွန်းအာလူး လက်ကားတစ်ပိဿာ လုံးလတ် ကျပ် ၁၂၀၀၊ ဆွဲသီး ကျပ် ၁၃၀၀၊ A1 ကျပ် ၁၄၀၀၊ OK ကျပ် ၁၅၀၀၊ S1 ကျပ် ၁၆၀၀၊ S2 ကျပ် ၁၃၀၀၊ S3 ကျပ် ၁၂၀၀ နှုန်းရှိသည်။ ပခုက္ကူအာလူး တစ်ပိဿာ ကျပ် ၂၀၅၀/၂၁၀၀ နှုန်း ရှိနေသည်။
မတ် ၈ ရက် ရန်ကုန်ငရုတ်ဈေးကွက်တွင် မြှားနီငရုတ်ရှည်လက်ကား တစ်ပိဿာကျပ် ၁၀၀၀၀၊ စလင်းနယ်ထွက် ပန်းရဲငရုတ်ရှည် ကျပ် ၁၁၀၀၀၊ ဟင်္သာတနယ်ထွက် ပန်းရဲငရုတ်ရှည် ကျပ် ၁၀၅၀၀၊ ဟင်္သာတ မိုးထောင် ကျပ် ၁၃၀၀၀၊ ရေလဲ(မအူပင်နယ်)ထွက် မိုးထောင် ကျပ် ၁၂၀၀၀၊ ပျော်ဘွယ်မိုးထောင် ကျပ် ၁၃၀၀၀၊ လေးအိမ်စုမိုးထောင် ကျပ် ၁၃၀၀၀၊ အညှာခြွေမိုးထောင်တစ်ပိဿာ ကျပ် ၁၄၀၀၀၊ ဆင်ဖြူကျွန်း ငရုတ်ပွ ကျပ် ၁၄၅၀၀/၁၅၅၀၀ နှုန်း ရှိနေသည်။
အောင်ခင်နိုင်