တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၀၂၃ ခုနှစ် မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ၃၇၁ ကြိမ်၊ ပျိုးပင် ၂၂၆၀၀၀ ကျော် စိုက်ပျိုးဆောင်ရွက်သွားမည်

 

နေပြည်တော်    မေ   ၂ 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည် တော်    လယ်ဝေးမြို့နယ်  ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ် (၁၄) အတွင်းရှိ ၂၀၂၃ ခုနှစ် မိုးရာသီ အကြို လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ မည့် မြေနေရာ ၆ ဒသမ ၆ ဧက မြေနေရာရှင်းလင်းခြင်း၊ ပန္နက်ရိုက်ခြင်း၊ ကျင်းတူးခြင်း၊  မြေဆွေးထည့်ခြင်း နှင့်  ကျင်းဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ   တာဝန်ရှိသူများက  ရှင်းလင်း တင်ပြ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။ 
ယခု မိုးရာသီအကြို သစ်ပင်စိုက်ပွဲတွင် စီးပွားရေး အရ အရေးပါသော ကျွန်း၊ ပျဉ်းကတိုးသစ်မျိုးများ၊ ရာသီအလိုက် ပန်းပွင့်သည့် သစ်မျိုးများ၊ အကြီးမြန် သစ်မျိုးများနှင့်    အရိပ်ရ   လေကာသစ်မျိုးများ စုစုပေါင်းသစ်မျိုး ၁၃ မျိုး၊ ပျိုးပင်ပေါင်း ၁၉၈၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး  အတိုင်းအတာအနေဖြင့်  ၂၀၂၃ ခုနှစ် မိုးရာသီအကြိုနှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ၃၇၁ ကြိမ်၊ ပျိုးပင် ၂၂၆၀၀၀ ကျော် စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်သည်။
ဆက်လက်၍      ပြည်ထောင်စုဝန်ကြီးသည် ရန်အောင်မြင်ကြိုးဝိုင်း    အကွက်အမှတ်   (၁၃)   ရှိ မြေနေရာ  ၇ ဒသမ ၅၃ ဧကအတွင်း  ၂၀၂၂ ခုနှစ် မိုးရာသီအကြို ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သော သစ်ပင်များ၏ ရှင်သန်အောင်မြင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး      ရေရှည်တည်တံ့ အောင်   ထိန်းသိမ်းစောင့်ရှောက်သွားရန်   မှာကြား သည်။ ၂၀၂၂ ခုနှစ်  မိုးရာသီအကြို ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၃၅ မျိုး၊ ပျိုးပင် ၃၃၇၂ ပင် စိုက်ပျိုးခဲ့ပြီး ယခုအခါ ရှင်သန်ပင်  ၉၇ ရာခိုင်နှုန်း၊ ပျမ်းမျှအပင်အမြင့် ၇ ပေ ၆ လက်မနှင့် အမြင့်ဆုံး အပင်အမြင့်မှာ ၁၀ ပေ ၆ လက်မရှိကြောင်း သိရ သည်။                         သတင်းစဉ်