တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁၁


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို   အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန  (MICC-II) ၌ ကျင်းပမည် ဖြစ်ရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်     တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု     ရပ်စဲရေး သဘောတူစာချုပ်(NCA) (၈) နှစ် မြောက်   နှစ်ပတ်လည်နေ့ အခမ်း အနားကျင်းပရေး  ဦးစီးကော်မတီ ဥက္ကဋ္ဌ၊        အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ   ဥက္ကဋ္ဌ၊    ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊  ပြန်ကြား ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းနှင့်   တာဝန်ရှိသူများသည်    ယနေ့ နံနက်ပိုင်းက     MICC-II    တွင် အခမ်းအနားကျင်းပရန်    ကြိုတင် ပြင်ဆင်နေမှုများကို     ကြည့်ရှု   စစ်ဆေးသည်။


ကြည့်ရှုစစ်ဆေး


ရှေးဦးစွာ MICC-II ရှေ့မျက်နှာ စာတွင် ကျင်းပမည့် အခမ်းအနား တွင် ဖဲကြိုးဖြတ်  ဖွင့်လှစ်ရန်နှင့် စက်ခလုတ်နှိပ်ဖွင့်လှစ်ရန်   အစီ အစဉ်နှင့်   နေရာအခင်းအကျင်း တို့ကို ကြည့်ရှုစစ်ဆေးသည်။


လိုအပ်သည်များမှာကြား


ထို့နောက် MICC-II Lobby တွင် ခင်းကျင်းပြသမည့် နယ်စပ် ရေးရာဝန်ကြီးဌာန      ပြခန်း၊ တိုင်းရင်းသား  လူမျိုးများရေးရာ ဝန်ကြီးဌာန ပြခန်းနှင့်   ပြန်ကြား ရေးဝန်ကြီးဌာန  ပြခန်းများဖြစ် ကြသည့်       သတင်းစာများက ပြောသော   ငြိမ်းချမ်းရေးသမိုင်း မှတ်တမ်း၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏   တိုင်းရင်းသားလူမျိုး များ ရုပ်သံလိုင်းနှင့် မြန်မာ့အသံ ရေဒီယိုတို့မှ တိုင်းရင်းသားဘာသာ များဖြင့် ထုတ်လွှင့်မှုသရုပ်ပြခန်း တို့ ပြင်ဆင်ဆောင်ရွက်နေမှုများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍     အခမ်းအနား တွင် ကပြဖျော်ဖြေကြမည့် တိုင်း ရင်းသားရိုးရာယဉ်ကျေးမှု  အက အဖွဲ့များ၊      သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနနှင့် ပြန်ကြားရေးဝန်ကြီး ဌာန     မြန်မာ့အသံနှင့်    ရုပ်မြင် သံကြားတို့မှ      အကအဖွဲ့များ ဇာတ်တိုက်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကြသည်။


ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်


ယင်းနောက် ပြည်ထောင်စု ဝန်ကြီး     ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်  ဦးမောင်မောင်အုန်း တို့သည် အခမ်းအနားကျင်းပမည့် Plenary Hall တွင် အခမ်းအနား ပြင်ဆင်နေမှု၊   LED  ဘုတ်များ တပ်ဆင်မှု၊ လျှပ်စစ်မီးနှင့် အသံ ပိုင်းဆိုင်ရာ       ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို   ကြည့်ရှု စစ်ဆေးပြီး       လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်     ဆောင်ရွက်ခဲ့ သည်။                      

သတင်းစဉ်