တစ်နှစ်ကျော်ကြာပြီးမှ ပြန်လည်စစ်ဆေးသည့် ITPEC စာမေးပွဲနှစ်ခုတွင် ၅၅၁ ဦး ဝင်ရောက်ဖြေဆို


 

ရန်ကုန် ဧပြီ ၂၆
သတင်းအချက်အလက်နှင့်   ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ နိုင်ငံ ကွန်ပျူတာပညာရှင်အသင်းက ကြီးမှူး၍ Information Technology Professionals Examination   Council(ITPEC)   အသိ အမှတ်ပြု  စာမေးပွဲများကို ဧပြီ ၂၄ ရက်က စစ်ဆေးသည်။
စာမေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့်   မကွေးတိုင်း ဒေသကြီးတို့တွင် နေရာသုံးခု၌ တစ်ပြိုင်တည်း စစ်ဆေးခြင်းဖြစ်သည်။  ITPEC  စာမေးပွဲတွင် IT Passport(IP), Fundamental IT Engineer (FE)နှင့် Applied IT Engineer (AP)ဟု  သုံးမျိုး ရှိသည့်အနက် IP နှင့် FE စာမေးပွဲနှစ်ခုကိုသာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။   IP    စာမေးပွဲတွင် ဖြေဆိုသူ စုစုပေါင်း ၃၁၃ ဦးနှင့် FE စာမေးပွဲတွင် ဖြေဆိုသူ ၂၃၈ ဦး စုစုပေါင်း ၅၅၁ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း    မြန်မာနိုင်ငံ   ကွန်ပျူတာ ပညာရှင်အသင်းက   သတင်းထုတ်ပြန်ထား သည်။ 
ITPEC စာမေးပွဲများတွင် IP စာမေးပွဲသည် အခြေခံအဆင့်ဖြစ်ပြီး FE နှင့် AP စာမေးပွဲ များသည် အဆင့်မြင့်စာမေးပွဲများဖြစ်သည်။ အဆင့်မြင့်ဖြစ်သည့်   FE   သို့မဟုတ်    AP  စာမေးပွဲများတွင်     အောင်မြင်သူများသည် မြန်မာနိုင်ငံမှ တက္ကသိုလ်ဘွဲ့တစ်ခုခု မရသော် လည်း ဂျပန်အပါအဝင် ပြည်ပနိုင်ငံများတွင် အိုင်တီပညာရှင် အင်ဂျင်နီယာအဖြစ် အလုပ် လုပ်ခွင့် ရရှိနိုင်သောကြောင့် ITPEC စာမေးပွဲ များသည် ဖြေဆိုသူများသည့် စာမေးပွဲများဖြစ် သည်။
မြန်မာနိုင်ငံသည် ဂျပန် ITPEC အဖွဲ့ဝင် အဖြစ် ITPEC စာမေးပွဲကို  ယခင်က တစ်နှစ် လျှင် နှစ်ကြိမ် ဧပြီလနှင့် အောက်တိုဘာလတွင် မြန်မာနိုင်ငံ    ကွန်ပျူတာအသင်းချုပ်က  ဦးဆောင်၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းက ကြီးမှူးစစ်ဆေးခဲ့ပြီး ၂၀၂၁ ခုနှစ် တွင်မူ စာမေးပွဲနှစ်ကြိမ်လုံး မစစ်ဆေးနိုင်ခဲ့ဘဲ ယခု ၂၀၂၂ ခုနှစ်တွင်မှ ပြန်လည်စစ်ဆေးနိုင်ခြင်း ဖြစ်သည်။   ယခင်နှစ်များက စစ်ဆေးခဲ့သော စာမေးပွဲများတွင်     မြန်မာကျောင်းသားများ    ဖြေဆိုမှုမှာ အရေအတွက်  ထောင်ချီရှိခဲ့သလို အောင်မြင်မှုရာခိုင်နှုန်းမှာလည်း တိုးတက်ခဲ့ ကြောင်း သိရသည်။                            ကိုစိုး