
ရန်ကုန် ဒီဇင်ဘာ ၁၄
တစ်လသားကလေးငယ်ကို ခေါင်းတုံးပေးရာမှ အရေပြားထိခိုက်မှု ကြောင့် ဦးခေါင်းတွင် ပန်းသီးလုံးပမာဏ ပြည်လုံးကြီးဖြစ်ပေါ်ခဲ့ရာ ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံကြီး၌ ဒီဇင်ဘာ ၁၃ ရက်က အောင်မြင်စွာ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ယင်းဆေးရုံမှ သိရသည်။
ဖြစ်စဉ်မှာ တောင်ကလေးရွာဘက်တွင်မွေးဖွားသော တစ်လအရွယ် ခန့် ကလေးငယ်အား ဆံပင်မသန်မည်စိုး၍ ခေါင်းတုံးပေးရာ အရေပြား ထိခိုက်မှုဖြစ်၍ သွေးစသွေးနများထွက်လာသဖြင့် သွေးတိတ်ရန် နနွင်း မှုန့်နှင့် ဆေးဖက်ဝင်သည့်အရွက်များကို ပါးစပ်နှင့်ဝါးကာ ဒဏ်ရာကို အုံပေးထားရာက အထက်ပါပြည်တည်ခြင်းအစပြုခဲ့ကြောင်း ဆေးရုံမှ သိရသည်။
ထို့နောက်ကလေးငယ်မှာ ဒဏ်ရာပိုဆိုးလာပြီး ဦးခေါင်းတွင် ပြည်တည်နာဖြစ်ကာ နို့ပင်မစို့နိုင်သည့်အပြင် ငိုရာ အသံပင်မထွက် တော့သည့် အခြေအနေဖြစ်လာခဲ့ကြောင်း ဆေးရုံမှ သိရသည်။
ကလေးကို မွေးဆံပင်နှင့်မထားကောင်း၍ ဆံပင်ရိတ်ပစ်ရမည်၊ ကလေးငယ်ဆံပင်ပါးနေ၍ ခေါင်းရိတ်ပေးရမည်ဟူသော အယူအဆ သည် မမှန်ကန်ကြောင်း၊ ကလေးကိုမဖြစ်မနေ မွေးဆံပင်ရိတ်ပေးရမည် ဆိုသည့် အယူအဆက အများလက်ခံထားသည့်အယူအဆတစ်ရပ်သာဖြစ်ပြီး ကျန်းမာရေးအတွက် လိုအပ်သည့်အချက်တစ်ခုမဟုတ်ကြောင်း လည်း ဆေးရုံက အသိပေးထားသည်။
ကလေးငယ်များတွင် ၎င်းတို့၏ခန္ဓာကိုယ်အပူချိန်ကို ဦးခေါင်း ကနေ တစ်ဆင့်ထိန်းချုပ်ခြင်းကြောင့် မွေးဆံပင်ရိတ်လိုက်ချိန်တွင် ကလေးငယ်အနေဖြင့် အအေးမိ၊ နှာစေး၊ နှာပိတ်သည့်လက္ခဏာ များ အလွယ်တကူခံစားရနိုင်ကြောင်းလည်း ယင်းဆေးရုံက အသိပေး သည်။
ဇက်မခိုင်သေးသောကလေးကို ဆံပင်ရိတ်ခြင်းသည် ထိခိုက်နိုင်ခြေ များကြောင်း၊ ကလေးကို မဖြစ်မနေဆံပင်ရိတ်မည်ဆိုပါက ကလေး မတ်မတ်ထိုင်သည့်အရွယ်ရောက်မှ ရိတ်စေလိုကြောင်းလည်း အကြံပြု ထားသည်။
MT