တာဝန်သိ ပြည်သူများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့်  စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်


 

နေပြည်တော် ဇန်နဝါရီ  ၁၁
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့ အမှတ်(၄)ရပ်ကွက် ရန်ကုန်- ပုသိမ်ကားလမ်းဘေးရှိ လျှပ်စစ်ပစ္စည်းဆိုင်နှင့် မီမီစတိုးကို ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းတွင် ဆိုင်ကယ်စီးနင်းလာသည့်  အကြမ်းဖက်သမား နှစ်ဦးက လက်ပစ်ဗုံးဖြင့်   ပစ်ပေါက်မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အကြမ်း ဖက်သမားနှစ်ဦးကို ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၉ မမကျည် ခြောက်တောင့်၊ လက်ပစ်ဗုံးတစ်လုံးတို့နှင့်အတူ    ဖမ်းဆီး ရမိခဲ့သည်။
အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများအား ဝိုင်းဝန်းဖမ်းဆီး ပေးခဲ့ကြသည့်   တာဝန်သိပြည်သူများကို   ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်  တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကား ပြောကြားပြီး ဂုဏ်ပြု ဆုငွေများနှင့်   စားသောက်ဖွယ်ရာများ   ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။                          
           သတင်းစဉ်