တာမွေမြို့နယ်၌ တိုက်ခန်းအနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွား

 

တာမွေ      အောက်တိုဘာ       ၁၅


ရန်ကုန်တိုင်းဒေသကြီး        တာမွေ မြို့နယ်      ကျောက်မြောင်းကြီး ရပ်ကွက်    အောင်မင်္ဂလာလမ်းနှင့် သီတာလမ်းဆုံရှိ (၂)ခန်းတွဲ (၅) ထပ် တိုက်၏  ပထမထပ်ဝဲဘက်အခန်း အနောက်ဘက်ရှိ ဝရန်တာပြိုကျ မှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး      အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

 


အဆိုပါ တိုက်အနောက်ဘက် ဝရန်တာ    ပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိ သူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များနှင့်               မြို့နယ်လူမှုကူညီ ရေးအသင်းဝင်များ      ရောက်ရှိပြီး လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

 


ဖြစ်စဉ်တွင်    ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးမှာ  အသက်  ၅၀  နှစ် ဖြစ်ပြီး ယင်းတိုက်ခန်းတွင် တစ်ဦး တည်းနေထိုင်သူ     ဖြစ်ကြောင်း၊ ခါးအောက်ပိုင်း၌   ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ           ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့         ပို့ဆောင်၍ ဆေးကုသမှု    ခံယူစေလျက်ရှိ ကြောင်းနှင့်      အဆိုပါ   ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့သည့် အဆောက် အအုံကို ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ   အင်ဂျင် နီယာဌာန   (အဆောက်အအုံ)က ပြန်လည်     စစ်ဆေးမှုများ ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။


နိုင်လင်းအောင်(တာမွေ)