တာလီဘန်တို့၏ ပညာရေးပိတ်ပင်မှုကြောင့် အာဖဂန်မိန်းကလေး တစ်သန်းကျော် ထိခိုက်ခံစားရ

 

ကဘူးလ်     မတ်    ၂၃


အာဖဂန်နစ္စတန်၌      ယခုသီတင်းပတ်အတွင်း  ကျောင်းပညာသင်နှစ်အသစ်    စတင်ပြီဖြစ်သည်။ သို့သော်လည်း    နိုင်ငံအတွင်း   နေရာအများစုမှ မိန်းကလေးများမှာ     မူလတန်းကျောင်းကိုသာ တက်ရောက်ခွင့်ရရှိသည်။  ၂၀၂၁  ခုနှစ်   ဩဂုတ်လ  အတွင်း တာလီဘန်များသည် အာဖဂန်နစ္စတန်နိုင်ငံ ကို တစ်ဖန်ပြန်၍ ထိန်းချုပ်နိုင်ခဲ့သည်။  တာလီဘန် များသည်  မိန်းကလေးများအား အလယ်တန်းနှင့် အထက်တန်းတွင် တက်ရောက်ပညာသင်ယူခွင့်ကိုပိတ်ပင်ခဲ့သည်။ 

 


ပြီးခဲ့သည့်နှစ်  ဒီဇင်ဘာလအတွင်း တက္ကသိုလ် တက်ရောက်နေသည့် အမျိုးသမီးများ၏ စာသင်ချိန်  များကို    ဖျက်သိမ်းခဲ့သည်။    ကျောင်းများမှာ ဆက်လက်ပိတ်ထားဆဲဖြစ်သည်ဟု    ကဘူးလ်မြို့  ရှိ    အသက် ၁၃ နှစ်အရွယ်    မိန်းကလေးတစ်ဦး က ပြောသည်။    ကျောင်းတက်ရန်     မျှော်လင့်ချက် မရှိကြောင်းနှင့်       အနာဂတ်တွင်      ဘာဆက်ဖြစ် မည်ကို   မသိကြောင်း   အဆိုပါ  မိန်းကလေးက ပြောသည်။

 


ယောကျ်ားလေးများနည်းတူ  မိန်းကလေးများ ကိုလည်း   ပညာသင်ကြားခွင့်   ပေးသင့်ကြောင်း ၎င်းက ပြောသည်။ အာဖဂန်နစ္စတန်တွင် မိန်းကလေး  တစ်သန်းကျော်မှာ          ကျောင်းတက်ခွင့်မရဟု   အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ  ကုလသမဂ္ဂ  လုပ်ငန်း  တာဝန်အဖွဲ့က ဆိုရှယ်မီဒီယာပေါ်တွင် ပြောကြား  ခဲ့သည်။

 


တာလီဘန်များအနေဖြင့်     အမျိုးသမီးများနှင့် မိန်းကလေးများအပေါ်  ခွဲခြားဆက်ဆံသည့်  မူဝါဒ များကို      ပြောင်းလဲရန်လည်း    အဆိုပါအဖွဲ့က တောင်းဆိုခဲ့သည်။ တာလီဘန်မှ အချို့သောအဖွဲ့ဝင်  များမှာ    မိန်းကလေးများအတွက်    ပညာရေးကို ပြန်လည်စတင်စေလိုသော်လည်း   ၎င်းတို့   အဖွဲ့ အတွင်းမှ ရှေးရိုးစွဲသည့်  အဆင့်မြင့်အရာရှိကြီးများ ကမူ အဆိုပါ အယူအဆကို လက်မခံကြပေ။


အင်န်အိတ်ချ်ကေ