
နယူးယောက်စီးတီး မေ ၃
တာလီဘန်က ကုလသမဂ္ဂအမျိုး သမီးဝန်ထမ်းများကို ပိတ်ပင်ထား သော်လည်း အာဖဂန်နစ္စတန် နိုင်ငံသို့ ကူညီထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာ ရက်စ် က ကတိပြုပြောကြားလိုက် သည်။
အမေရိကန်၊ တရုတ်နှင့် ဂျပန် နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၂၀ မှ သံတမန်များနှင့် တွေ့ဆုံပြီး နောက် မေ ၂ ရက်က ဒိုဟာမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတစ်ခု၌ အန်တိုနီယို ဂူတာရက်စ် က ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဧပြီလမှ စတင်ကာ ကုလသမဂ္ဂဆိုင်ရာ အာဖဂန် အမျိုးသမီးဝန်ထမ်းများကို တာလီ ဘန်က ပိတ်ပင်တားမြစ်လိုက်ပြီး နောက် ဂူတာရက်စ်နှင့် ဆွေးနွေး ပွဲ တက်ရောက်လာသူများက အာဖဂန်နစ္စတန်နိုင်ငံ၌ လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို မည်ကဲ့သို့ ဖြေရှင်း ဆောင်ရွက်သွားမည် ဆိုသည်ကို ဆွေးနွေးခဲ့ကြသည် ဟု ဆိုသည်။
ထို့ပြင် ဂူတာရက်စ် က အာဖဂန်နစ္စတန်နိုင်ငံ၌ လူ့အခွင့် အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက် အဖွဲ့အစည်းရှိနေ ခြင်းအပေါ် အလွန်အမင်းစိုးရိမ်မိ ကြောင်း ပြောသည်။
အာဖဂန်နစ္စတန် နိုင်ငံသည် ယနေ့ကမ္ဘာပေါ်တွင် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အပြင်းထန် ဆုံး ရင်ဆိုင်နေရကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် အာဖဂန် ပြည်သူများအား ထောက်ပံ့ကူညီ ရန် ၎င်း၏ ကတိကဝတ်များ ယိမ်းယိုင်သွားမည် မဟုတ် ကြောင်း ၎င်းက ဖြည့်စွက်ပြောကြား သည်။
အင်န်အိတ်ချ်ကေ