
ကဘူးလ် ဇူလိုင် ၁၅
အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ အပြည့်အဝဆုတ်ခွာပြီး ခါနီးတွင် တာလီဘန်စစ်သွေးကြွ များက နောက်ထပ်ပြည်နယ်များကို ပိုမိုသိမ်းပိုက်နိုင်ရန် ထိုးစစ်ကို အရှိန်မြှင့်လျက်ရှိသည်။
အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက စစ်သွေးကြွ များ၏ အဖျက်အမှောင့်လုပ်ရပ်များကို တားဆီး ရန် တန်ပြန်ထိုးစစ်ဆင်နွှဲလျက်ရှိသည်။
နောက်ဆုံးဖြစ်ပွားခဲ့သော ပဋိပက္ခလှိုင်းတွင် တာလီဘန်များက ကန်ဒါဟာပြည်နယ်တောင်ပိုင်း ကန်ဒါဟာမြို့၊ တာကာပြည်နယ်မြောက်ပိုင်း တာလူကန်မြို့တော်၊ ကွန်ဒုဇ်ပြည်နယ်မြောက်ပိုင်း ကွန်ဒုဇ်မြို့နှင့် ဘက်ဂစ်ပြည်နယ်မြို့တော် ကလာ အက်နော်မြို့များကို ထိုးစစ်အရှိန်မြှင့်ခဲ့သည်။
တာလီဘန်တို့၏ ယခင်ခြေကုပ်ယူရာ ကန်ဒါ ဟာမြို့တွင် အများစုအရပ်သားများဖြစ်ကြသည့် အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူ အတော်များများ အသတ်ခံရခြင်း သို့မဟုတ် ဒဏ်ရာ များ ရရှိခဲ့ကြသည်။
ကန်ဒါဟာမြို့ မာဝေ့စ်ဆေးရုံရှိ ဆရာဝန်တစ်ဦး က ကလေးရှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် ဒဏ်ရာရ အရပ်သား ၁၈ ဦးကို ဆေးရုံသို့ပို့ဆောင် ခဲ့ကြောင်း ပြောကြားသည်။
ထို့အပြင် သေဆုံးသူနှစ်ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အဆိုပါ ဆရာဝန်က ဆက်လက် ပြောကြားသည်။
စစ်သွေးကြွများသည် ဂါ့ဇ်နီပြည်နယ်အရှေ့ပိုင်း ရှိ မာလူစတန်အပါအဝင် ခရိုင်သုံးခုကို သိမ်းယူခဲ့ သည်။ ထို့အပြင် တာလီဘန်စစ်သွေးကြွများသည် မဟာဗျူဟာကျသည့် ဂါ့ဇ်နီပြည်နယ် မြို့တော် ဂါ့ဇ်နီမြို့ကို သိမ်းပိုက်နိုင်ရန် ဆက်လက်တိုက်ပွဲ ဆင်နွှဲလျက်ရှိသည်။
ဆင်ဟွာ