တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကွာရက်တင်းစင်တာအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး

 

တာချီလိတ်   ဖေဖော်ဝါရီ   ၂၀


ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် သံသယလူနာများ ထားရှိသော စံလင်းဖြိုး  ကွာရက်တင်းစင်တာကို  ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ  သွားရောက် ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ   ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 


ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို   နယ်မြေခံ တပ်နယ်မှ  ဗိုလ်မှူးကြီးမင်းမင်းထွန်းဦး၊ ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုတိယ ရဲမှူးကြီးကျော်ဝင်းလှိုင်၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ     ဦးတင် ဦးကျော်နှင့် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနိုင်တို့က   လာအိုနိုင်ငံမှ  နေရပ်ပြန်များအား ကွာရက်တင်း  ထားရှိမှုနှင့်     ကိုဗစ်-၁၉   ရောဂါ အတည်ပြုလူနာများအား ဆေးကုသပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ   ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 


အဆိုပါ စံလင်းဖြိုး ကွာရက်တင်းစင်တာတွင် လာအိုနိုင်ငံမှနေရပ်ပြန် ၆၅ ဦးနှင့် ဒေသမှပိုးတွေ့ အတည်ပြုလူနာ ၅၆ဦး၊ စုစုပေါင်း ၁၂၁ ဦး ရှိကြောင်း၊ လာအိုနိုင်ငံမှ နေရပ်ပြန်များကို သတ်မှတ် ၁၄ ရက် ကာလအတွင်း    နှာခေါင်းနှင့်    အာခေါင်တို့ဖတ် သုံးကြိမ်ရယူစစ်ဆေးခဲ့ပြီး ပိုးကင်းစင်ကြောင်းသိရှိရ သဖြင့် ဖေဖော်ဝါရီ  ၂၂ ရက်တွင် ၎င်းတို့နေထိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ပြန်လည်ပို့ဆောင် ပေးမည်ဖြစ်ပြီး    ပိုးတွေ့အတည်ပြုလူနာများကို ဆေးကုသမှုပေးလျက်ရှိကြောင်း       စံလင်းဖြိုး ကွာရက်တင်းစင်တာ တာဝန်ခံ ဦးဘိုစံထံမှ သိရ သည်။                              

ယာဆေး ( ပြန်/ဆက်)