
တာချီလိတ် ဇွန် ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ (၉၇)ကြိမ်မြောက် မြန်မာ - ထိုင်း နယ်စပ်ကော်မတီ မြို့နယ် အဆင့် (TBC) အစည်းအဝေးကို နှစ်နိုင်ငံမှ တာဝန်ရှိသူများက ဇွန် ၁၉ ရက် နံနက်ပိုင်းက 1G1 ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ မယ်ဆိုင် ချောင်းရေအား ပူးတွဲအသုံးပြုရေး ကိစ္စရပ်များ၊ မယ်ဆိုင်ချောင်း ရေကြီးရေလျှံရာတွင် ကြိုတင် သိရှိနိုင်ရေးအတွက် အချက်ပေး ကိရိယာ တပ်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တောမီးရှို့ခြင်းနှင့် မီးခိုးမြူငွေ့ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ ယှဉ်တွဲကျေးရွာ တောင့်တင်းခိုင်မာစီမံချက်အနေနှင့် နှစ်နိုင်ငံနယ်စပ်ရှိ ကျေးရွာ များအား ပညာရေး၊ ကျန်းမာရေး၊ အားကစား ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မယ်ဆိုင် ချောင်းအတွင်း တရားမဝင် ဖြတ်သန်း၍ မော်တော်ယာဉ်များ သယ်ဆောင်နေသည့် ကိစ္စများ၊ တာချီလိတ်ခရိုင်နှင့် ချင်းရိုင်ခရိုင် ကြား မူးယစ်ဆေးဝါးများ တရား မဝင်လမ်းကြောင်းမှ တင်ပို့နေမှု များ၊ လက်နက်ခဲယမ်းများ တရား မဝင် သယ်ဆောင်သည့် ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံမှ ဆွေးနွေး ရမည့် အချက် ၃၈ ချက်နှင့် ထိုင်း နိုင်ငံမှ ဆွေးနွေးရမည့် အချက် ၁၈ ချက်ကို နှစ်ဖက်နိုင်ငံမှ သက်ဆိုင် ရာ ဌာနများနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)