TNLA အဖွဲ့နှင့် PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သမားများက တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သဘာဝဓာတ်ငွေ့နှင့် ရေနံစိမ်းများပို့လွှတ်သည့် ပိုက်လိုင်းစီမံကိန်းအား နှောင့်ယှက်ဖျက်ဆီး

 

နေပြည်တော်   နိုဝင်ဘာ   ၂၅
TNLA   အဖွဲ့နှင့်   PDF  အမည်ခံ ပူးပေါင်း အကြမ်းဖက်သမားများသည်    ဒေသ အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့်     အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်အတွက်   အကြမ်းဖက် လုပ်ငန်းများကို     နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ သဘာဝဓာတ်ငွေ့ နှင့်  ရေနံစိမ်းများ ပို့လွှတ်လျက်ရှိသည့် ပိုက်လိုင်းတွင် အဓိကကျသည့် ရှမ်းပြည် နယ်(မြောက်ပိုင်း)   ကျောက်မဲမြို့နယ် ဇီပင်ကျေးရွာအနီးရှိ   ထိန်းချုပ်ရေးစခန်း အား    TNLA  အကြမ်းဖက်သမားများ က  နိုဝင်ဘာ  ၁၅  ရက်မှ  ၁၈ ရက်အထိ   ဝင်ရောက်နေထိုင်ခဲ့ပြီး    ထိန်းချုပ်ရေး စခန်းရှိ  ထိန်းချုပ်ရေးပစ္စည်းများထိခိုက် စေရန်ရည်ရွယ်၍ ဖျက်ဆီးမှုများ ဆောင် ရွက်ခဲ့သည်။
အဆိုပါ     အကြမ်းဖက်သမားများ၏ စစ်ရေးနှင့်မသက်ဆိုင်သည့် အကြမ်းဖက် လုပ်ရပ်များကြောင့်    တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့    သဘာဝဓာတ်ငွေ့နှင့်    ရေနံစိမ်းများ  ပို့လွှတ်ခဲ့ရာတွင် ထိခိုက်မှု ရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်း များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။    
သတင်းစဉ်