ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် CI သက်တမ်းတိုးစခန်းများ ခရိုင်ငါးခုတွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဇန်နဝါရီ   ၁၂

 


ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများ အနက် အထောက်အထားမရှိသူများကို တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန် ထိုင်းနိုင်ငံ စမုစခွန်ခရိုင်၊ စမုပရာကန်ခရိုင်၊ ချင်းမိုင်ခရိုင်၊ ချွန်ဘူရီခရိုင်၊ ရနောင်းခရိုင်တို့တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI)  သက်တမ်းတိုးစခန်း ငါးခုဖွင့်လှစ်၍ ဇန်နဝါရီ ၁၀ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ အလုပ်သမားဦးရေ ကျား ၄၂၆ ဦး၊ မ ၃၅၇ ဦး၊ စုစုပေါင်း ၇၈၃ ဦး CI သက်တမ်းတိုးစာအုပ် များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 


ထိုင်းနိုင်ငံတွင်     ရောက်ရှိအလုပ်လုပ်ကိုင်နေ သည့် အလုပ်သမားများအနက် အထောက်အထား မရှိသူများကို တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ် မတ် ၃ ရက်မှ ၂၀၁၈ ခုနှစ် ဇွန် ၃၀ ရက်အထိ သက်တမ်း ၄ နှစ်ဖြင့်ထုတ်ပေးခဲ့သည့် မည်သူမည်ဝါဖြစ်ကြောင်း    သက်သေခံလက်မှတ် (Certificate of Identity – CI) များသည် ၂၀၂၁ ခုနှစ် မတ် ၃   ရက်မှစ၍    ထုတ်ယူခဲ့သည့်နေ့ရက်များ အလိုက် သက်တမ်းကုန်ဆုံးလျက်ရှိသည်။

 


ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအနက် အထောက်အထားမရှိသူ များကို တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန်   CI စခန်း များတွင် ထိုင်းအလုပ်အကိုင်ဌာန၊ လူဝင်မှုကြီးကြပ် ရေးဌာနနှင့် ကျန်းမာရေးဌာနများမှလည်း ကောင်တာ များဖွင့်လှစ်၍ အလုပ်သမားများအတွက် နေထိုင်ခွင့် (Visa)နှင့်  အလုပ်လုပ်ကိုင်ခွင့်   (Work  Permit) ထုတ်ပေးခြင်းတို့ကို ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ  ဆောင်ရွက်ပေးလျက် ရှိသည်။ 

 


ထိုကဲ့သို့ CI   သက်တမ်းတိုး  လျှောက်ထားသူ အလုပ်သမားများအနေဖြင့် Seven Eleven  ဆိုင် များတွင် မိမိလက်ရှိကိုင်ဆောင်ထားသည့် CI စာအုပ် နံပါတ်ဖြင့် စာအုပ်ဖိုး ဘတ် ၃၀၀ နှင့်  ဝန်ဆောင်ခ ဘတ် ၁၀ စုစုပေါင်း ဘတ် ၃၁၀ ပေးသွင်းရန်၊ စခန်း အမည်၊ ရက်ချိန်း၊ တိုကင်နံပါတ်၊    ဆက်သွယ်ရန် ဖုန်းအစရှိသည့်အချက်များပါဝင်သည့်   ငွေသွင်း ပြေစာရယူရန် (လက်ကိုင်ဖုန်းသို့လည်း  မက်ဆေ့ ဝင်ရောက်လာမည် ဖြစ်ပါသည်)နှင့် ရက်ချိန်းနေ့တွင် စခန်းသို့ မပျက်မကွက်သွားရောက်ရန်၊ စခန်းသို့ ရောက်ရှိသည့်အခါ ကိုယ်ရေးမှတ်တမ်း ဖြည့်သွင်းပြီး နောက် CI စာအုပ်အဟောင်း၊ နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုဇယား၊    ထိုင်းအလုပ်အကိုင်ဌာနက ထုတ်ပေးထားသည့် စာရွက်စာတမ်းများကို မိတ္တူ ကူး၍ CI စာအုပ်အသစ်လျှောက်ထားရန်၊ အချက် အလက်များ ပြည့်စုံမှန်ကန်သူသည်      စခန်းက ထုတ်ပေးသည့် CI သက်တမ်းတိုးစာအုပ်နှင့် ပြည်ပ အလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (Overseas Worker Identification Card – OWIC) ကို ရယူရန် လိုအပ်ကြောင်း သိရှိရသည်။

 


CI သက်တမ်းတိုးစာအုပ်နှင့် OWIC ကတ် ရရှိပြီး သူများသည် စခန်းရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ၏ ကောင်တာတွင် နေထိုင်ခွင့်  (Visa) နှင့် အလုပ် လုပ်ကိုင်ခွင့်(Work Permit) လျှောက်ထားရန် လိုအပ် သော်လည်း Visa နှင့် Work  Permit သက်တမ်းရှိသူ များအနေဖြင့် လျှောက်ထားရန်မလိုကြောင်း သိရသည်။

 


အကယ်၍ CI စာအုပ်ပျောက်ဆုံးခြင်း၊ ပျက်စီး ခြင်းရှိပါက ထိုင်းရဲတပ်ဖွဲ့၏ထောက်ခံချက်၊ မြန်မာ သံရုံး၏ ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိချိန်တွင် CI စာအုပ်တန်ဖိုး ဘတ် ၃၀၀၊ ဒဏ်ကြေး ဘတ် ၁၈၀  စုစုပေါင်း ဘတ် ၄၈၀ ကို စခန်းတာဝန်ရှိသူထံသို့ ပေးသွင်းရမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။

 


ထို့အတူ OWIC ကတ် ပျောက်ဆုံးခြင်း၊ ပျက်စီး ခြင်းရှိပါက ထိုင်းရဲတပ်ဖွဲ့၏ထောက်ခံချက်၊ မြန်မာ သံရုံး၏ ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာ CI စခန်းများသို့ လာရောက်လျှောက်ထားရမည်ဖြစ်ပြီး ဒဏ်ကြေးအပါအဝင် ဘတ် ၂၀၀ ကို စခန်းတာဝန် ရှိသူထံသို့ ပေးသွင်းရမည်ဖြစ်သည်။

 


CI သက်တမ်းတိုးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍  အလုပ်သမားသံအရာရှိ  ဦးအောင်ကိုဇော် ဖုန်းနံပါတ်- ၀၉၄၈၈၄၅၄၈၄၊ အလုပ်သမားသံအရာရှိ ဦးရဲလင်း ထက်   ဖုန်းနံပါတ်- ၀၆၅၂၂၀၆ ၉၅၁၊  အလုပ်သမား သံအရာရှိ     ဦးလင်းမြတ် ဖုန်းနံပါတ်-၀၆၅၂၂၀၆၉၅၂၊ အလုပ်သမားသံအရာရှိ  ဦးပြည့်ဖြိုးအောင်    ဖုန်း နံပါတ်-၀၆၅၂၂၀၆၉၅၃ နှင့် အလုပ်သမားသံအရာရှိ ဦးအောင်အောင်  ဖုန်းနံပါတ်-၀၉၉၀၅၉၂၃၅၂ တို့ကို ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်း သိရသည်။

 


အလားတူ CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (စမုစခွန်)ဖုန်းနံပါတ် ၀၆၅၂၀၅၅၉၆၀၊ ၀၆၅၂၀၅၅၉ ၆၁၊ CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (စမုပရာ ကန်) ဖုန်းနံပါတ် ၀၆၅၂၀၅၅၉၆၄၊ ၀၆၅၂၀၅၅၉၆၅၊ CI   သက်တမ်းတိုးထုတ်ပေးရေးစခန်း  (ချင်းမိုင်) ဖုန်းနံပါတ် ၀၆၅၂၀၅၅၉၆၈၊   ၀၆၅၂၀၅၅၉၆၉၊ CI သက်တမ်းတိုးထုတ်ပေးရေးစခန်း (ချွန်ဘူရီ) ဖုန်း နံပါတ် ၀၆၅၂၀၅၅၉၆၂၊ ၀၆၅၂၀၅၅၉၆၃၊ CI သက်တမ်း တိုးထုတ်ပေးရေးစခန်း (ရနောင်း)     ဖုန်းနံပါတ် ၀၆၅၂၀၅၅၉၆၆၊ ၀၆၅၂၀၅၅၉၆၇ တို့ကို ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။          

သတင်းစဉ်