ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများ ဝင်ငွေခွန်ထမ်းဆောင်ရာတွင် အထွေထွေလုပ်သားများက လစဉ်အခွန် ဘတ် ၁၅၀ နှင့် ကုမ္ပဏီလုပ်သားများ အပါအဝင် White Collar များက လစဉ် ၈၂၂ ဘတ် ပေးဆောင်ရမည်

 

ရန်ကုန်   ဒီဇင်ဘာ   ၁၄
ထိုင်းနိုင်ငံရောက်     မြန်မာလုပ်သားများ ဝင်ငွေခွန်ထမ်းဆောင်ရာတွင်    အထွေထွေ လုပ်သားများစသည့်  Blue Collar  များက လစဉ်အခွန် ဘတ် ၁၅၀ ပေးဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီလုပ်သားများအပါအဝင် White Collar များအနေဖြင့် လစဉ် ၈၂၂  ဘတ် ပေးဆောင်ရ မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
သံရုံး၏ထုတ်ပြန်ချက်တွင်  ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ တွင်  စက်ရုံ/အလုပ်ရုံ၊   စိုက်ပျိုး/မွေးမြူရေး၊ ဆောက်လုပ်ရေး၊     ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ်သားစသည့် Blue Collar များ ၏ လစာဝင်ငွေကို ဘတ် ၇၅၀၀ နှုန်းသတ်မှတ် ထားပြီး    ဝင်ငွေခွန်     နှစ်ရာခိုင်နှုန်းအဖြစ် ဘတ် ၁၅၀ လစဉ်ပေးသွင်းရမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထိုသို့ပေးသွင်းခြင်းဖြင့် လစဉ်ဘတ် ၇၅၀၀ နှင့်ညီမျှသောမြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိကာ  မြန်မာနိုင်ငံသို့  ပြန်လည် ရောက်ရှိချိန်    အိမ်၊    ခြံ၊  မြေ၊   တိုက်ခန်း၊ မော်တော်ယာဉ်စသည်တို့ကို ဝယ်ယူရာတွင် စုဆောင်းထားသော     ငွေဖြူစာရင်းအပေါ် တွက်ချက်၍  ဝင်ငွေခွန်လျှော့ပေါ့ပေးခြင်းကို ခံစားခွင့်ရရှိမည်ဟုလည်း သိရသည်။
ထို့ပြင်     ထိုင်းနိုင်ငံ၏      ကုမ္ပဏီများ (ရေကြောင်းကုမ္ပဏီများအပါအဝင်)၊  ဆေးရုံ များ၊ တက္ကသိုလ်/ကောလိပ်များ၊ ဆောက်လုပ် ရေးအင်ဂျင်နီယာများ၊ စက်ရုံ/အလုပ်ရုံ အင်ဂျင် နီယာများစသည့် White Collar လုပ်သား များ၏ ဝင်ငွေခွန်ကိုကောက်ခံရာတွင်  လစာ ဝင်ငွေအပေါ်  နှစ်ရာခိုင်နှုန်းအခွန်တွက်ချက်ထားသော်လည်း ထိုင်းနိုင်ငံတွင် အခွန်ဆောင် ထားပါက နှစ်ရာခိုင်နှုန်း အခွန်တွက်ချက်ရငွေ မှနုတ်၍   ကျန်ငွေကိုသာ   ပေးသွင်းရမည်ဟု လည်း ပါရှိသည်။
ထို့ကြောင့် လစာ ဘတ် ၈၀၀၀၀ ၊ ထောက်ပံ့ ငွေစရိတ် ဘတ်   ၁၀၀၀၀   စုစုပေါင်း  ဘတ် ၉၀၀၀၀  ရရှိသူသည် အခွန် နှစ်ရာခိုင်နှုန်းအရ လစဉ်ဘတ် ၁၈၀၀ ပေးဆောင်ရမည်ဖြစ်သော် လည်း  ထိုင်းနိုင်ငံသို့   အခွန်   ၉၇၈  ဘတ် ပေးဆောင်ထားရသဖြင့် မြန်မာနိုင်ငံသို့ လစဉ် ၈၂၂ ဘတ်သာ ပေးဆောင်ရမည်ဟု သိရသည်။
ငွေဖြူခံစားခွင့်အနေဖြင့်  ဘတ်   ၄၁၁၀၀ နှင့်ညီမျှသော မြန်မာငွေကျပ်ကို ခံစားနိုင်မည် ဖြစ်ကြောင်းလည်းပါရှိသည်။ White Collar      အခွန်ထမ်းများသည် မြန်မာသံရုံးသို့ အခွန် လာရောက်ထမ်းဆောင်ချိန်တွင်  သက်ဆိုင်ရာ ကုမ္ပဏီ/ဌာန၏ Pay Slip ၊(သို့မဟုတ်)Salary Certificate နှင့် Tax Slip များကို ယူဆောင်လာ ရမည်ဖြစ်ကြောင်းလည်း သိရသည်။
အခွန်ထမ်းဆောင်သူများအနေဖြင့်    QR Code အမှတ်အသားပါရှိသည့် အခွန်ပေးသွင်းမှု အထောက်အထားလက်မှတ်ကို     ပြန်လည် ပေးအပ်ရမည်ဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးခြင်း မရှိစေရေး ကာယကံရှင်က ထိန်းသိမ်းထားရန် လိုအပ်ကြောင်းလည်း သံရုံး၏ ထုတ်ပြန်ချက် တွင်ပါရှိသည်။
ဝင်ငွေခွန်ထမ်းဆောင်ရာတွင် တစ်ဦးလျှင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလ အထိ တစ်လလျှင် ဘတ် ၁၅၀ နှုန်းဖြင့် သုံးလ စာ၊ ဘတ် ၄၅၀ အခွန်ပေးသွင်းရမည်ဖြစ်ပြီး နောက်ပိုင်းကာလများ၌ လစဉ် သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်၊ ကိုးလတစ်ကြိမ် ပေးသွင်း နိုင်သည်ဟုဆိုသည်။                                 MT