ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား ၂၀၆ ဦး မြဝတီ အမှတ်(၂)တံတားမှတစ်ဆင့် ဆက်လက်ဝင်ရောက်

 

မြဝတီ  သြဂုတ်   ၁၅


ထိုင်းနိုင်ငံတွင်   ရောက်ရှိနေ ပြီး နေရပ်ပြန်လိုသည့်  မြန်မာနိုင်ငံ သားများအား မြဝတီမြို့  မြန်မာ-ထိုင်း   အမှတ်(၂)  ချစ်ကြည်ရေး တံတားမှတစ်ဆင့်     ပြန်လည် ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်  သြဂုတ် ၁ ရက်မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ  ယနေ့တွင် ၂၀၆ ဦး    ဆက်လက်   ဝင်ရောက်ခဲ့ ကြောင်း သိရသည်။

 


အဆိုပါ   ထိုင်းနိုင်ငံမှ  ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံ သားများအား မြဝတီခရိုင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးအောင် ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင် ရာ   ဌာနဆိုင်ရာဝန်ထမ်းများနှင့်  တာဝန်ရှိသူများက  ကိုဗစ်- ၁၉ ရောဂါဆိုင်ရာများအား    အသိ ပညာပေးခြင်း၊                 ပြန်လည် ဝင်ရောက်လာသူများ၏  အချက် အလက်များ  ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ  ကိုဗစ်-  ၁၉ ရောဂါပိုး  ရှိ  မရှိ         စစ်ဆေး ဆောင်ရွက်ပေးခြင်းနှင့် သက်ဆိုင် ရာ  တိုင်းဒေသကြီး၊ ပြည်နယ် များသို့   ပြန်လည်ပို့ဆောင်ပေး ခြင်းများကို ဆောင်ရွက်ပေးသည်။

 


ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာ သူများမှ       မြဝတီခရိုင်နှင့် ကော့ကရိတ်ခရိုင်မှ နေရပ်ပြန်များ အား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ မရှိ ချက်ချင်းစစ်ဆေးပေးမည်   ဖြစ် ကာ     ရောဂါပိုးရှိသူများအား မြဝတီမြို့ မဲကနယ် ကိုဗစ်စင်တာ တွင် ကုသမှု ခံယူစေမည်ဖြစ်ပြီး ရောဂါပိုးမရှိသူများအား ကျောက် လုံးကြီး    ကိုဗစ်- ၁၉ စင်တာတွင် ၁၀ ရက်      ကန့်သတ်ထားမည် ဖြစ်ကြောင်း သိရသည်။

 


အခြားသက်ဆိုင်ရာ    တိုင်း ဒေသကြီး၊ ပြည်နယ်များမှ နေရပ် ပြန်အား သီးသန့် မော်တော်ယာဉ် များဖြင့်    သက်ဆိုင်ရာ  နေရပ် များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ရောဂါစစ်ဆေးခြင်းနှင့် ကန့်သတ် စောင့်ကြည့်ခြင်းတို့အား  သက်ဆိုင် ရာ    တိုင်းဒေသကြီး၊   ပြည်နယ် အစီအစဉ်များဖြင့်  ဆောင်ရွက် သွားမည် ဖြစ်သည်။
ယနေ့ ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူများ        အနေ  ဖြင့်    တိုင်းဒေသကြီး၊ပြည်နယ် အသီးသီးမှ အမျိုးသား ၁၀၅ ဦး၊ အမျိုးသမီး  ၁၀၁ ဦး  စုစုပေါင်း ၂၀၆ ဦးရှိကြောင်း သိရသည်။ 


ထိန်လင်းအောင်