ထိုင်းဆန်ကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှုတိုးမြှင့်ရန် ကြိုးပမ်းနေ

 

ထိုင်းနိုင်ငံသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဈေးကွက်ဝင်နှစ်တွင် ဆန်တန်ချိန်  ရှစ်သန်း တင်ပို့နိုင် မည်ဟု ခန့်မှန်းထားပြီး ယခင် နှစ်ကထက် ၃၁ ရာခိုင်နှုန်း  တိုး လာကြောင်း အမေရိကန်စိုက်ပျိုး ရေးဌာန၏ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုကွန်ရက် အစီရင် ခံစာအရ သိရသည်။

 


ထိုင်းဘတ်ငွေ  ကျဆင်းမှု ကြောင့် ပို့ကုန်များ သိသိသာသာ တိုးလာပြီး ထပ်မံတိုးချဲ့တင်ပို့ နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံသည် ဆန်တင်ပို့မှု   ယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်လာရန်အတွက်   ၂၀၂၄ ခုနှစ်တွင် စီးပွားဖြစ်ဆန်အမျိုး အစားသစ် ၁၂ မျိုးအထိ တိုးချဲ့ ထုတ်လုပ်သွားရန် စီစဉ်ထားရှိ သည်။   ထိုင်းနိုင်ငံ     စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Jurin Laksanawisit က  ဝန်ကြီးဌာနသည်   လက်ရှိ ဈေးကွက်နှင့် စျေးကွက်အသစ် နှစ်ခုလုံးအတွက်   ထိုင်းဆန် ထုတ်လုပ်မှု  ဖွံ့ဖြိုးတိုးတက်ရန် နှင့်  ပို့ကုန်တိုးမြှင့်တင်ပို့ခြင်းကို အရှိန်မြှင့်တင်   ဆောင်ရွက်ရန် ထိန်းချုပ်ကွပ်ကဲရေးဌာနတစ်ခု ကို    ထူထောင်ထားရှိကြောင်း ပြောကြားထားသည်။

 


စီးပွားဖြစ်   ထုတ်လုပ်မည့် ဆန်အမျိုးအစားသစ် ၁၂ မျိုးမှာ ဆန်ကြမ်း လေးမျိုး၊    ဆန်ချော လေးမျိုး၊ ထိုင်းဆန်မွှေး နှစ်မျိုးနှင့် အာဟာရမြင့် ဆန်အမျိုးအစား နှစ်မျိုးဖြစ်ပြီး အဆိုပါဆန်အမျိုး အစားအသစ်များသည်    ကမ္ဘာ တစ်ဝန်းရှိ စားသုံးသူများအကြား ဝယ်လိုအား   မြင့်တက်စေမည် ဖြစ်သည်။   ထိုင်းနိုင်ငံ၏   ဆန် ထုတ်လုပ်မှုသည် တစ်နှစ်ထက် တစ်နှစ်တန်ချိန် ၁၈ ဒသမ ၈ သန်း မှ တန်ချိန် ၂၀ ဒသမ ၈ သန်းအထိ တိုးလာမည်ဟု   ကျွမ်းကျင်သူ များက ခန့်မှန်းကြသည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊