ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရန်ကုန်မြို့သို့ရောက်ရှိ

 

နေပြည်တော်    မတ်   ၁ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်   ထိုင်း ဘုရင့်ရေတပ်မှ    စစ်ရေယာဉ်    HTMS Prachuap Khiri Khan(OPV-552) သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ရောက်ရှိရာ  တပ်မတော်(ရေ)မှအရာရှိကြီးများ၊  အရာရှိ၊  စစ်သည်များ နှင့်   မြန်မာနိုင်ငံဆိုင်ရာ   ထိုင်းရေတပ် စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။


အဆိုပါစစ်ရေယာဉ်အား      အဖွဲ့ ခေါင်းဆောင်ဖြစ်သူ  ထိုင်းဘုရင့်ရေတပ် 3rd  Naval  Area Command  မှ Chief of Staff  ဖြစ်သူ  Rear Admiral Pongmit Narongkul  ဦးဆောင်၍  ချစ်ကြည်ရေး ခရီးအဖြစ် လာရောက်ခြင်းဖြစ်ပြီး ရန်ကုန် မြို့တွင်  မတ် ၃ ရက်အထိ  သုံးရက်ကြာ နေထိုင်၍     အထင်ကရနေရာများသို့  သွားရောက်လေ့လာ  လည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများ  ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။   

          
  သတင်းစဉ်