ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှပြန်လည်ထွက်ခွာ

 

နေပြည်တော်  နိုဝင်ဘာ ၂၄


ကာကွယ်ရေးဦးစီးချုပ်      (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ် ကြားချက်အရ      မြန်မာနိုင်ငံ၌ တရားဝင်    ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့်    ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်     Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့သည်  ယနေ့နံနက်ပိုင်း တွင်   ရန်ကုန်မြို့မှ    ထိုင်းဘုရင့် တပ်မတော်    အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့    ပြန်လည်ထွက်ခွာ ကြရာ တပ်မတော်(လေ)မှ အရာရှိ ကြီးများ၊     မြန်မာနိုင်ငံဆိုင်ရာ ထိုင်းလေတပ်စစ်သံမှူး    Group Captain Jumphol Chantakamma နှင့်တာဝန်ရှိသူတို့က    မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။ 


အဆိုပါ ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည်  နိုဝင်ဘာ ၂၃ ရက် တွင် ရန်ကုန်မြို့ရှိ   ရွှေတိဂုံစေတီ တော်၊ ကမ္ဘာအေးစေတီတော်နှင့် ဗိုလ်တထောင်   ကျိုက်ဒေးအပ် ဆံတော်ဦး   စေတီတော်တို့အား ဖူးမြော်ကြည်ညိုကြပြီး   ဗိုလ်ချုပ် အောင်ဆန်းစျေးသို့ သွားရောက် လေ့လာခဲ့ကြကြောင်း  သတင်းရရှိ သည်။                     

သတင်းစဉ်