
ဗန်ကောက် ဇန်နဝါရီ ၁၇
ထိုင်းနိုင်ငံတွင် ဇန်နဝါရီ ၁၇ ရက် က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ သစ် ၆၉၂၉ ဦး ရှိခဲ့ကြောင်းနှင့် ၁၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲ ရေးစင်တာ (စီစီအက်စ်အေ) က သတင်းထုတ်ပြန် ဖော်ပြလိုက် သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အများစုမှာ မြို့တော်ဗန်ကောက်မှ ဖြစ်သည်။ ထို့နောက် ဆမွတ် ပရာခန်၊ ချွန်ဘူရီ၊ ဖူးခက်နှင့် နွန်သာဘူရီတို့တွင်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ဖြစ် လျက်ရှိသည်။
သေဆုံးသူ အများစုမှာ အသက် ၆၀ ကျော် လူနာများဖြစ် ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာ သူပေါင်း ၅၂၅၅ ဦးရှိကြောင်း စီစီအက်စ်အေက သတင်း ထုတ်ပြန်ဖော်ပြခဲ့သည်။
နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ အခြေအနေမှာ တည်ငြိမ်လျက်ရှိ ကာ အစိုးရသည် လာမည့် သီတင်းပတ် အနည်းငယ်အတွင်း ကိုဗစ်-၁၉ ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးရန် စဉ်းစားလျက်ရှိ သည်။
ထိုင်းနိုင်ငံတွင် အိုမီခရွန် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဦး ရှိလာပြီဖြစ်သည်။ သေဆုံးသူ နှစ်ဦးလုံးမှာ အသက် ၈၀ ကျော် များဖြစ်ကြသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး သူပေါင်း ၁၀၉ သန်းကျော်ရှိလာပြီဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၆၆ ဒသမ ၁ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ကာကွယ် ဆေး အပြည့်အဝ ထိုးပြီးပြီဖြစ် ကာ ၁၄ ဒသမ ၁ ရာခိုင်နှုန်း မှာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးပြီ ဖြစ်သည်။ ဆင်ဟွာ