
နေပြည်တော် မတ် ၁၈
ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေ ရေးဆိုင်ရာ ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့က Virtual Zoom Meeting ဖြင့် ကျင်းပသည်။
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်
အခမ်းအနားသို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌ၊ ကျိုင်းတုံ-တာချီလိတ် နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ Designated Bank အဖြစ် ဆောင်ရွက် ခွင့်ပြုထားသည့် ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်နှင့် Kasikornbank Public Company Limited တို့မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက ဘဏ်များနှင့် နိုင်ငံခြားဘဏ်ခွဲများမှ တာဝန်ရှိသူများ၊ ပို့ကုန်/သွင်းကုန်ဆိုင်ရာ ကုန်သည်လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ဘတ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေးဆိုင်ရာ ရည်ရွယ်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြီးကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီအတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က အမှာစကား ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွား ရေးရာဝန်ကြီးက ကုန်သွယ်မှု data များ မှန်ကန်ရေး၊ Market Exchange Rate ရရှိရေးတို့ကို ဆွေးနွေးပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက တာချီလိတ်ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် သိလိုသည့်အချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးက ယခင် ဆောင်ရွက်ခဲ့သည့် ယွမ်/ကျပ် Process တွင် အခက် အခဲများ ကျော်လွှားခဲ့မှုနှင့် ထိုင်းဘတ်တွင် ဖြေရှင်း နိုင်မည့် နည်းလမ်းများကို ရှင်းလင်းသည်။
ဘဏ်လုပ်ငန်းဆိုင်ရာများ ဆွေးနွေး
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ် နှင့် Kasikornbank Public Company Limited တို့မှ တာဝန်ရှိသူများက ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြ သည်။
ထို့နောက် အကောက်ခွန်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က MACCS system တွင် ငွေကြေး အမျိုးအစား ခွင့်ပြုဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် အကောက်ခွန်ဦးစီးဌာနက ဆောင်ရွက် မည့် ကိစ္စရပ်များကို ဆွေးနွေးသည်။
ယင်းနောက် ကုန်သည်လုပ်ငန်းရှင်များက ဘဏ် လုပ်ငန်းဆိုင်ရာ အစီအစဉ်များ၊ ငွေပေးချေမှု နည်းလမ်းများ၊ အဆိုပြုရမည့် ငွေလဲလှယ်နှုန်းများ၊ နယ်စပ်ကုန်သွယ်ရေးအတွက် ရယူရမည့် ကုန်သွယ်မှု ဆိုင်ရာ အထောက်အထားများ၊ ဘဏ်စရိတ်နှုန်းထား များ၊ ငွေကြေးထောက်ပံ့မှု အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး မြန်မာနိုင်ငံ တော်ဗဟိုဘဏ်နှင့် တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရှင်းလင်းဆွေးနွေးတင်ပြ ချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်