ထိရောက်အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ဖို့ရာ…

Type
၅

 

ဒေါက်တာခိုင်ခိုင်ဝင်း 
 

 

လူတိုင်းမဟုတ်သော်ငြား လူအများစုသည် ဘဝတွင်သင်တန်းတစ်ခု (သို့) တစ်ခုထက်ပိုသော သင်တန်းများကို တက်ရောက်ဖူးကြသူများ ဖြစ်ပါသည်။ သင်တန်းဆိုရာတွင် အသိပညာရပ်ဆိုင်ရာ သင်တန်း၊ သက်မွေးပညာသင်တန်း၊ အတတ်ပညာရပ်ဆိုင်ရာသင်တန်း၊ ဘာသာစကားသင်တန်း စသည်ဖြင့် သင်တန်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိပါသည်။ ကာလတိုဖြစ်စေ၊ ကာလရှည်ဖြစ်စေ၊ အချိန်ပိုင်းဖြစ်စေ သင်တန်းဟု ဆိုလိုက်သည်နှင့် အဆိုပါ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ရှိပြီး ဖြစ်ပါသည်။

 

သင်တန်းသားများတွင် မရှိသေးသောအသိပညာ၊ ဗဟုသုတ၊ အတတ်ပညာရပ်၊ စွမ်းရည်များရှိလာစေရန် ( Capacity Building)နှင့် အသိပညာ၊ အတတ်ပညာ စွမ်းရည်ရှိပြီးသူများဖြစ်ပါကလည်း  ရှိပြီးသား စွမ်းရည်များ ပိုမိုမြင့်တက်လာစေရန် ( Capacity Enhancing) ရည်သန်လျက် သင်တန်းများဖွင့်လှစ်ကြခြင်း ဖြစ်ပါသည်။ 

 


သင်တန်းတစ်ခု ဖွင့်လှစ်မည်ဆိုပါက သင်တန်း ကာလ၊ ပို့ချမည့်အကြောင်းအရာ၊ သင်ထောက်ကူ ပစ္စည်းများ၊ သင်တန်းတွင်ပို့ချမည့်သူများ၊ ပို့ချမှုကို ခံယူမည့်သူများ၊  သင်တန်းနေရာ၊  သင်တန်းကြေး စသည်ဖြင့် ကဏ္ဍအစုံစုံ ပါဝင်လာပါသည်။ 

 


ပို့ချမည့်သူ၏တာဝန် 


ထိရောက်အကျိုးရှိသော သင်တန်းတစ်ခု ဖြစ်ဖို့ ရာ သင်တန်းတစ်ခုတွင် ပို့ချမည့်သူ၏ အခန်းကဏ္ဍ သည်  အလွန်အရေးကြီးပါသည်။ ပို့ချမှုကို ခံယူကြ မည့် သင်တန်းသားများအနေဖြင့် ပို့ချသူက ပို့ချမည့် ဘာသာရပ်နှင့် မည်သို့ပို့ချမည်ကို စိတ်ဝင်စားလေ့ ရှိပါသည်။ ပို့ချမည့်သူ၏ ပို့ချမှုစွမ်းရည်အလိုက် ဘာသာရပ်အပေါ် စိတ်ဝင်စားမှု အနည်းအများ ကွာဟစေသည်လည်းဖြစ်ရာ  ပို့ချသူသည်   မိမိ သင်ကြား ပို့ချမည့်ဘာသာရပ်တွင် ကျွမ်းကျင်နှံ့စပ် မှုရှိရန်နှင့် ပို့ချမှုကိုစိတ်ဝင်စားစေမည့် ပို့ချမှုပုံစံများ ပြင်ဆင်ထားရန်လိုအပ်သလို   မိမိသင်ကြားပို့ချခွင့် ရရှိသည့်  အချိန်ပေါ်မူတည်ပြီး ဘာသာရပ်ကို ရိုးရှင်း နားလည်လွယ်အောင်   ပြင်ဆင်ထားရန်   လိုအပ် ပါသည်။  မိမိပို့ချမည့်ဘာသာရပ်နှင့် စပ်လျဉ်းပြီး သင်တန်းသားများထဲတွင်    ကြိုတင်လေ့လာထား၊ ဖတ်ရှုထားသူများ    ပါဝင်လာနိုင်သည်ဟု   ယူဆ ခန့်မှန်းကာ ဘာသာရပ်ကိုပြင်ဆင်ထားရန် လိုအပ် ပါသည်။  မိမိသင်မှ တတ်ကြမည့်သူများဟု လုံးဝ မယူဆထားဘဲ  မိမိထက်ပို၍  ဘာသာရပ်ကို သိရှိ ထားသူများပါ ပါလာနိုင်သည်ဟုယူဆ (Assume) လုပ်ကာ ဘာသာရပ်ကို ပြင်ဆင်မှု ပြုလုပ်ရပါမည်။ 

 


ဘာသာရပ်နှင့်     စပ်လျဉ်းသည့်နောက်ဆုံး  သတင်းအချက်အလက်များ   ရနိုင်သမျှရရှိအောင် ကြိုတင် လေ့လာထားရမည်လည်း   ဖြစ်ပါသည်။  ဘာသာရပ် ပြင်ဆင်ပြီးနောက်  ပို့ချမှုစတိုင်ကိုလည်း  ရွေးချယ်ရပါမည်။  မိမိသည်    ပို့ချသူဖြစ်သော်လည်း   မိမိ ကိုယ်တိုင်ပို့ချမှုကို ခံယူရသူဖြစ်ပါက မည်သို့ သော စတိုင်ဖြင့် ပို့ချမှုကို ကြိုက်နှစ်သက်ပါသနည်းဟု မိမိနှင့်နှိုင်းယှဉ်ပြီး   ပို့ချမည့်စတိုင်ပြင်သင့်ပါသည်။ အများအားဖြင့်  ရှင်းရှင်းလင်းလင်း တက်ကြွစွာဖြင့် မိမိသင်ကြားမည့်      ဘာသာရပ်နှင့်စပ်လျဉ်းပြီး ယုံကြည်မှုအပြည့်ရှိသည့်  မျက်နှာဖြင့်  သင်ကြား ပို့ချခြင်းကို သင်တန်းသားများ ကြိုက်နှစ်သက်ကြပြီး ဘာသာရပ်အပေါ် စိတ်ဝင်စားမှု ပိုမိုရရှိစေပါသည်။ ဟာသဉာဏ်ရှိပါက သင်ကြားမှုတွင် ပိုမိုထိရောက် သည်လည်း   ဖြစ်ပါသည်။    ဟာသဉာဏ်ရွှင်သည့်၊ ဖြတ်ထိုးဉာဏ်ကောင်းသည့်     ပို့ချသူများသည် အများအားဖြင့်  သင်ကြားမှုတွင်  အောင်မြင်တတ်ကြ ပါသည်။   ဆန့်ကျင်ဘက်အားဖြင့်   ဘာသာရပ် အနေဖြင့် စိတ်ဝင်စားဖွယ်ကောင်းသည့် ဘာသာရပ် ဖြစ်သော်လည်း ပို့ချမှုစတိုင်သည်  လေးပင်စွာဖြင့် စာများသာဖတ်သွားသည့်       ပို့ချမှုပုံစံဖြစ်ပါက ဘာသာရပ်၏    အနှစ်သာရ   ပျောက်ဆုံးကာ သင်တန်းသားများ၏ စိတ်ဝင်စားမှုကို ရရှိနိုင်မည် မဟုတ်ပါ။ ထိရောက်အကျိုးရှိသည့် ပို့ချမှုပုံစံမဟုတ် ပါ။ အသိပညာ၊   အတတ်ပညာများကို သေချာစွာ၊ တိကျရှင်းလင်းစွာ၊ ပွင့်လင်းစွာ၊ ပိုင်နိုင်စွာ ပို့ချနိုင်သူ ရှိမှသာလျှင်   ပို့ချမှုကို   ခံယူသည့်ဘက်မှ တိကျ မှန်ကန်သော  အသိပညာ၊  အတတ်ပညာများကို ရှင်းလင်းစွာ   သိရှိနားလည်နိုင်မည်   ဖြစ်ပါသည်။ ပို့ချသူဘက်မှ  မိမိပို့ချသည့်ဘာသာရပ်ကို ပိုင်နိုင် ကျွမ်းကျင်စွာ   မပို့ချနိုင်ပါက   အဆိုပါသင်တန်း အချိန်တစ်ခုသည်   အဟောသိကံ   ဖြစ်ရပေမည်။ သင်တန်းသားများ  ဘာသာရပ်နှင့်စပ်လျဉ်းပြီး  ပိုမို သိရှိနားလည်လွယ်ရန်နှင့်  ဘာသာရပ်နှင့်စပ်လျဉ်း ပြီး ၎င်းတို့၏ မူလပထမအတွေးအခေါ်အယူအဆများရှိပါကလည်း    ဖွင့်ထုတ်လာစေရန်အတွက် သင်တန်းသားအချင်းချင်း   (သို့မဟုတ်)   ပို့ချသူနှင့် သင်တန်းသားများအကြား    အပြန်အလှန်ဆွေးနွေး သည့်  ပုံစံများဖြင့်  ဆွေးနွေးမှုများ  ပြုလုပ်ပေးရန် လိုအပ်တတ်သည်လည်းဖြစ်ရာ      အပြန်အလှန် ဆွေးနွေးနိုင်မည့်  စကားပြောစွမ်းရည်၊  ပါးနပ်မှု၊ ဦးဆောင်ဆွေးနွေးနိုင်မှု     စသည့်ဘာသာရပ်နှင့် မဆိုင်သည့် အခြားသော အရည်အချင်းများလည်း ပို့ချသူတွင် ရှိရန်လိုအပ်ပါသည်။ သို့မှသာ ပို့ချမှုကို ခံယူသူများဘက်မှ ပို့ချသူအပေါ် ယုံကြည်မှု၊ ပို့ချသူ ၏ ဘာသာရပ်အပေါ် သိမြင်နှံ့စပ်မှုအပေါ် ယုံကြည်မှု များရှိကာ  ပို့ချသည့်  ဘာသာရပ်အပေါ်  ပိုမိုစူးစိုက် အာရုံစိုက်မိကာ    အကျိုးရှိသည့်   သင်တန်းချိန်၊ အကျိုးရှိသည့်   ပို့ချမှု၊    အကျိုးရှိသည့်   သင်တန်း ဖြစ်လာမည်ဖြစ်ပါသည်။    ထိရောက်အကျိုးရှိသော သင်တန်းတစ်ခုဖြစ်ဖို့ရာ    ပို့ချသူသည်   ၎င်းပို့ချမှု ဘာသာရပ်အပေါ် သိမြင်နှံ့စပ် ကျွမ်းကျင်မှုရှိရမည် သာမက ပို့ချမှုခံယူသူများ၏ရင်ထဲတွင် ဘာသာရပ် နှင့်သက်ဆိုင်သည့်  အရေးပါ၊  အရေးကြီးသည့် အချက်များကို   တစ်ချိန်တည်းတွင်   မှတ်မိသိရှိ သွားနိုင်အောင်   ပို့ချနိုင်သည့်  အရည်အချင်းများ  ရှိရမည်လည်း ဖြစ်ပါသည်။ 

 


ပို့ချသူဗဟိုပြု  ပို့ချနည်း မဟုတ်ဘဲ ပို့ချမှုကို ခံယူသူ ဗဟိုပြု ပို့ချဆွေးနွေးမှုရှိမှသာ ထိရောက် အကျိုးရှိသည့် သင်တန်းဖြစ်လာမည် ဖြစ်ပါသည်။ အရေးကြီးဆုံးအချက်မှာ ပို့ချသူနှင့် ပို့ချမှုကိုခံယူ သူများအကြား  အပြန်အလှန်လေးစားမှုပင် ဖြစ်ပါ သည်။ လေးစားမှုကို အခြေခံသည့် သင်ကြားမှုစနစ် တည်ဆောက်နိုင်ခြင်းသည် ပို့ချမှုကို ပိုမိုစိတ်ဝင်စား စေသည့်၊   အောင်မြင်စေသည့်   အချက်များထဲမှ တစ်ချက်ဖြစ်ပါသည်။  သင်တန်းတစ်ခုတွင်  ပို့ချမှု ပြီးမြောက်သွားပြီဟု    ကျေနပ်စွာဆိုနေခြင်းထက် မိမိသင်ကြားမှုကို  သင်တန်းသားဦးရေ  မည်မျှက နားလည်သွားကြသည်။ တတ်မြောက်သွားကြသည် ကိုသာ အလေးပေးစဉ်းစားရမည်ဖြစ်ပါသည်။ 

 


ပို့ချမှုကိုခံယူသူ၏တာဝန် 


ပို့ချသူဘက်မှ  ပိုင်နိုင်ကျွမ်းကျင်စွာ  ပို့ချနိုင် စေကာမူ ပို့ချမှုကို ခံယူသူများဘက်မှ လေးစားစွာ နာခံသင်ယူမှုမရှိလျှင် ၊     ကြိုးစားအားထုတ်မှုမရှိလျှင် ပေးကားပေး၏မရ  ဆိုသည့်အတိုင်း  ပညာရပ်များ အဟောသိကံ ဖြစ်ပေမည်။ ထိရောက်အကျိုးရှိသော သင်တန်းတစ်ခုဖြစ်ဖို့ရာ   ပို့ချသူဘက်မှ  တာဝန်ရှိ သလို ပို့ချမှုခံယူသူဘက်မှလည်း တာဝန်ရှိပေသည်။ ပို့ချသူဘက်က    အချိန်ပေးပြီး   ကောင်းစွာပြင်ဆင် လာခဲ့သည့်    ဘာသာရပ်အပေါ်   ကောင်းစွာသိရှိ နားလည်လာနိုင်ရေး  သင်တန်းချိန်အတွင်း  အာရုံ စူးစိုက်ကာ နားထောင်မှု၊  မိမိမရှင်းလင်းသည်များကို ရှင်းလင်းသွားစေရန်   ပို့ချသူအား    မေးမြန်းမှု၊ စည်းကမ်းရှိစွာ  လေးစားစွာဖြင့် ပို့ချသူအား မေးခွန်း မေးမြန်းမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။
ဘာသာရပ်နှင့်    မသက်ဆိုင်၊   မည်သည့်အကျိုး ကျေးဇူးဗဟုသုတများ   မရရှိနိုင်သည့် မေးခွန်းမျိုး အား မေးမြန်းခြင်းမှ ရှောင်ကြဉ်ရမည်လည်း ဖြစ်ပါ သည်။ သင်တန်းချိန်အတွင်း  ပို့ချသူအား အဂါရဝ ဖြစ်စေမည့် အပြုအမူများ မပြုလုပ်ရန်လည်း  အရေး ကြီးပါသည်။ အဓိကအားဖြင့် ပို့ချသည့် ဘာသာရပ် အပေါ်  အာရုံစူးစိုက်ကာ  အလေးထား    လေ့လာ မှတ်သားရန် ဖြစ်ပါသည်။ သို့မှသာလျှင် ပို့ချသူနှင့် ပို့ချမှုခံယူသူ      နှစ်ဦးလုံးအတွက်     တန်ဖိုးရှိသည့်  သင်တန်းအချိန်များ ဖြစ်လာမည်ဖြစ်သလို ထိရောက် အကျိုးရှိသည့်   သင်တန်းဖြစ်လာမည်လည်း ဖြစ်ပေ သည်။  သင်တန်းတစ်ခု တက်ရောက်ပြီးပြီဟုဆိုခြင်း ထက်  အဆိုပါသင်တန်းမှ  မိမိမည်မျှ  လေ့လာသိရှိ တတ်မြောက်ခဲ့သည်ဆိုသည်ကို  အလေးပေးစဉ်းစား ရပေမည်။ 

 


နိုင်ငံအတွက်အားများ 


သင်တန်းဟုဆိုရာတွင်      အကြောင်းအရာ အမျိုးမျိုး၊ ဘာသာရပ်အမျိုးမျိုး၊ အတတ်ပညာရပ် အမျိုးမျိုး   စသည်ဖြင့်   သင်တန်းများရှိရာတွင် မည်သည့်သင်တန်းမဆို သင်တန်း၏ ရည်ရွယ်ချက် များသည် တစ်ခုနှင့်တစ်ခု  နီးစပ်တူညီကြပါသည်။

 

အရည်အချင်း   ရရှိသွားစေရေး၊   ပညာရပ်တစ်ခု  တတ်မြောက်ရေး၊  အရည်အချင်းများ ပိုမိုမြှင့်တင် လာရေး စသည့် ရည်ရွယ်ချက်များဖြစ်ရာ သင်တန်း တစ်ခု ပြီးဆုံးသွားသည်နှင့် နဂိုမူလက မရှိခဲ့သည့် အရည်အချင်းများ ရှိလာခြင်း၊ မတတ်မြောက်ခဲ့သည့် ပညာရပ်များ  တတ်မြောက်ခြင်း၊   နဂိုမူလထက် အရည်အချင်းများ ပိုမိုမြင့်တက်ပြည့်စုံလာခြင်းတို့ ဖြစ်လာရမည်ဖြစ်ပါသည်။     သို့မှသာလျှင်    မိမိ တက်ရောက်ခဲ့သည့်   သင်တန်းသည်    အကျိုးရှိ ထိရောက်သည့်     သင်တန်းဖြစ်မည်    ဖြစ်ပါသည်။ မည်သည့်သင်တန်းမဆို သင်တန်းအတွက် အချိန်၊ ငွေကြေး၊    လူ့စွမ်းအားများ   ရင်းနှီးမြှုပ်နှံထား ကြသည်ဖြစ်ရာ ထိရောက်အကျိုးရှိသည့် သင်တန်း များဖြစ်မှသာ   ရင်းနှီးခဲ့ရသည့်  အချိန်၊  ငွေကြေး၊ လူ့စွမ်းအားတို့သည်   အချည်းနှီး  မဖြစ်တော့ဘဲ တန်ဖိုးရှိသည့်အချိန်များ  ဖြစ်လာမည်ဖြစ်ပါသည်။ သင်တန်းတစ်ခုအတွက်    သင်တန်းသားအရေ အတွက်     မည်မျှတက်ရောက်ခဲ့သည်ဆိုခြင်းထက် အရည်အချင်းရှိသည်၊  အရည်အချင်းပြည့်မီသည့် သင်တန်းသားဦးရေ    မည်မျှထွက်ပေါ်လာသည်က သာ အရေးကြီးပါသည်။ 

 


နိုင်ငံတစ်နိုင်ငံအတွက်        နိုင်ငံတော်၏ အားအဖြစ်ရှိနေကြသည့်  အသိပညာရှင်၊ အတတ် ပညာရှင်များ၏  အခန်းကဏ္ဍသည် အလွန်အရေးကြီး ပါသည်။ Life Long Learning ဟု ဆိုကြသည့်အတိုင်း အသိပညာ၊    အတတ်ပညာများ   လေ့လာဆည်းပူးရန် အတွက်   အချိန်ကန့်သတ်ချက်မရှိပါ။   မိမိအရည် အချင်းအတွက်  မိမိကိုယ်တိုင်  နည်းလမ်းအသွယ် သွယ်ဖြင့်   ကြိုးစားအားထုတ်မှု   လိုအပ်သည်လည်း ဖြစ်ရာ    သင်တန်းများ   တက်ရောက်ခြင်းသည် နည်းလမ်းတစ်ခုဖြစ်ပါသည်။  သင်တန်းများတွင် ပို့ချခွင့်ရှိသူသည်လည်း Life Long Learning ဆို သည့်အတိုင်း  မိမိသင်ကြားပို့ချရမည့် ဘာသာရပ်နှင့် စပ်လျဉ်းပြီး    အမြဲလိုစဉ်ဆက်မပြတ်   လေ့လာ ဆည်းပူးရန်လိုအပ်ပါသည်။   

 


နည်းအမျိုးမျိုးဖြင့် ကဏ္ဍအစုံ၊ နယ်ပယ်အစုံတွင် သင်တန်းအမျိုးမျိုး    ဖွင့်လှစ်လျက်ရှိကြရာတွင် အကျိုးရှိထိရောက်မှုရှိသည့်    သင်တန်းများဖြစ်ရန် ပို့ချသူနှင့်    ပို့ချမှုကိုခံယူသူများ   နှစ်ဦးနှစ်ဖက် ကြိုးစားရန် လိုအပ်ပါသည်။ သို့မှသာ အရည်အချင်း ပြည့်ဝသည့်   သင်တန်းသားများ  ထွက်ပေါ်လာပြီး နယ်ပယ်အစုံ၊ ကဏ္ဍအစုံတွင် ၎င်းတို့၏ အရည် အသွေး၊ အရည်အချင်းများကို အသုံးချနိုင်မည်ဖြစ်ပြီး နိုင်ငံတော်တည်ဆောက်ရေးတွင်    တစ်ထောင့်တစ် နေရာမှ      အားအဖြစ်    ပါဝင်ဖြည့်ဆည်းပေးနိုင်မည် လည်း ဖြစ်ပါသည်။ 

 


ထိရောက်အကျိုးရှိသည့်  သင်တန်းများပိုမိုဖြစ် ပေါ်လာစေရေးနှင့်    နိုင်ငံအတွက်    နယ်ပယ်အစုံတွင် အားထားရသည့်   နိုင်ငံ့သားကောင်းများ  ပေါ်ထွန်း လာနိုင်ရေး ရည်ရွယ်ရေးသားပါသည်။        ။