ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသည့် ကုလ ကုန်တင်ကားများကို အစ္စရေးက ဂါဇာဒေသသို့ ဝင်ရောက်ခွင့်ပြု

 

ဂါဇာ    နိုဝင်ဘာ    ၁၅


လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ ရေးအကူအညီများ တင်ဆောင်လာသည့် ကုလသမဂ္ဂ     ကုန်တင်ကားများကို စက်သုံးဆီပြန်လည် ဖြည့်တင်း ရန်အတွက်  ဂါဇာဒေသသို့ ဝင်ရောက်ခွင့်ပေးမည်ဟု အစ္စရေးက ပြောသည်။ 


ဂါဇာဒေသသို့     စက်သုံးဆီများ   ပေးပို့မှုကို အစ္စရေးက ငြင်းဆိုထားသည်။ ဟားမားစ်အုပ်စုက စစ်ရေးရည်ရွယ်ချက်ဖြင့်      အသုံးပြုနိုင်သည်ဟု ဆိုကာ  ထိုသို့ငြင်းဆိုခဲ့ခြင်းဖြစ်သည်။  စက်သုံးဆီ ပြတ်လပ်မှုသည် ဂါဇာဒေသတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ    ပဋိပက္ခကို    ပို၍ဆိုးရွားစေ သည်။ ကုလသမဂ္ဂ   ထရပ်ကားများသည် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ    အကူအညီများ ကို တင်ဆောင်လာပြီး ဂါဇာတောင်ပိုင်းသို့ ဝင်ရောက် လာမည်ဟု နိုဝင်ဘာ ၁၅ ရက်တွင် ပါလက်စတိုင်း ဘက်၌ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေသည့် အစ္စရေးအဖွဲ့အစည်းက   ပြောသည်။   လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများဖြစ်ပေါ်မှု နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာမှ  ဝေဖန်မှုများ တိုးလာစဉ်   လူမှုကွန်ရက်မီဒီယာပေါ်၌    ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်။ 


ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ သက်သာချောင်ချိရေးနှင့် အလုပ်သမားအေဂျင်စီက စက်သုံးဆီ   ပေးပို့နိုင်ရေးအတွက်   မေတ္တာရပ်ခံခဲ့ သည်။    ဟားမားစ်နှင့်  ထိပ်တိုက်တွေ့ဆုံမှုအပြီး ပထမဦးဆုံးအကြိမ်အဖြစ်       အကန့်အသတ်ဖြင့် စက်သုံးဆီ    တင်သွင်းခွင့်ပေးမှု      ဖြစ်လာကောင်း ဖြစ်လာနိုင်သည်ဟုလည်း သိရသည်။ 


အင်န်အိတ်ချ်ကေ