
မြန်မာနိုင်ငံသည် တိုင်းရင်းသားအားလုံးက စုစည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု တောင့်တင်းခိုင်မာရေးသည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အမျိုးသားရေးအကျိုးစီးပွားပင် ဖြစ်ပါသည်။ ကိုလိုနီခေတ်က ၎င်းတိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြား၍ ကျွန်သက်ရှည်အောင် ဆောင်ရွက်ခဲ့သည့်နည်းတူ မျက်မှောက်ကာလ၌လည်း ခေတ်သစ်ကိုလိုနီဝါဒီများက ညီနောင်တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲ၍ မြန်မာနိုင်ငံကို ၎င်းတို့လိုသလို ခြယ်လှယ်ခွင့်ရရန် ဆက်လက်ဆောင်ရွက် နေဆဲဖြစ်သည်ကို သတိရှိကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အယူအဆ၊ အယူဝါဒကွဲပြားမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ သွေးကွဲမှုများချုပ်ငြိမ်း၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်လျက်ရှိပါသည်။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၂ ရက်နေ့တွင် ပေးပို့သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်)