သက်ရှိတွေ ကာကွယ်ဖို့ ကမ္ဘာနှင့်အဝှမ်း ပူးပေါင်းဆောင်ရွက်စို့
ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၂၀ မှ ၃၀ အကြားတွင် အိုဇုန်း ဓာတ်ငွေ့အလွှာရှိသည်။ လူသားတို့အသက်ရှင်သန်ရေးအတွက် အက်တမ်နှစ်ခုနှင့် ဖွဲ့စည်းထားသည့် အောက်ဆီဂျင်ဓာတ်ငွေ့ (O2) သည် မရှိမဖြစ်လိုအပ်သကဲ့သို့ပင် အက်တမ်သုံးခုနှင့်ဖွဲ့စည်း ထားသည့် အောက်ဆီဂျင် (O3) ဖြစ်သော အိုဇုန်းကလည်း အရေး ကြီးသည်။ မိမိတို့ဦးခေါင်းအထက် ကောင်းကင်ယံတွင် ၁၀ ကီလို မီတာမှ ၂၀ ကီလိုမီတာထိ အထူရှိသည်။ အိုဇုန်းဓာတ်ငွေ့အလွှာက ကမ္ဘာကြီးကို ထီးသဖွယ်မိုးကာ သတ္တဝါတို့ကို ပျက်စီးစေသည့် ခရမ်းလွန်ရောင်ခြည်များ၏ ၉၇ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်း အထိကို စုပ်ယူထားလိုက်သည်။



