သတင်းစာနှင့် ဆိုရှယ်မီဒီယာ
၁၇ ရာစု ဥရောပ၏ တီထွင်မှုအဖြစ် သတင်းစာများစတင်ပေါ်ပေါက် လာပြီးနောက် ကမ္ဘာတစ်ခွင် ပထမဦးဆုံးသောမီဒီယာအဖြစ် ရာစုနှစ် များနှင့်ချီ၍ သတင်းစာများ တွင်ကျယ်ခဲ့သည်။ ၂၀ ရာစုအစောပိုင်း တွင် ရေဒီယိုအသံလွှင့်လုပ်ငန်းများ၊ ၂၀ ရာစုအလယ်ပိုင်းတွင် ရုပ်မြင် သံကြားထုတ်လွှင့်မှုလုပ်ငန်းများ စသည်ဖြင့် အီလက်ထရွန်နစ် မီဒီယာများ ပေါ်ပေါက်လာသည့်အခါတွင်လည်း ရှေးဦးမီဒီယာဖြစ် သည့် သတင်းစာလုပ်ငန်းအပေါ် ထိခိုက်မှုမဖြစ်။ သတင်းစာသည် ကိုယ့်အားသာချက်နှင့်ကိုယ် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်ရှင်သန်ရပ်တည်ခဲ့သည်။