အသိပေးကြေညာချက်
၁။ COVID - 19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် မူဆယ် - ကျိန်စမ်းကျော့နှင့် မူဆယ်- ဝမ်တိန် နယ်စပ်ကုန်သွယ်ရေး ဂိတ်(၂)ခုအား တရုတ်နိုင်ငံဘက်မှ ယာယီ ပိတ်ထားခဲ့ပါသည်။
၂။ လောက်ကိုင်ဒေသတွင် ရန်လုံကျိုင်းတံတား ပြုပြင်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် လောက်ကိုင် - ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်အား လည်းကောင်း၊ ချင်းရွှေဟော်တွင် COVID - 19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီ လ ၁၈ ရက်နေ့တွင် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်အား လည်းကောင်း တရုတ်နိုင်ငံဘက်မှ ယာယီပိတ်ထားခဲ့ပါသည်။