ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ လှူဒါန်းနိုင်ရန် အသိပေးကြေညာချက်
၁။ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) တွင် အောက်ပါ အတိုင်း ဖွင့်လှစ်ထားပါသည်-
(က) ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)။
၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေကျပ် ၃၃၈ ဘီလီယံခန့်နှင့်ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို ထည့်သွင်းထားပါသည်။
(ခ) ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733)။