ငါး နှင့် ကြက်
v ငါးမ တစ်ကောင်...။
ငါးဥတွေ ရေမှာပန်း
သိန်းသန်းရာထောင်။
သို့ပေမယ့် လူသိအောင်
ယောင်လို့မှ မကြွား။
ဂုဏ်မဖော် အသံတိတ်
နှုတ်ဆိတ်တကား။ ။
v ကြက်မ တစ်ကောင်...။
တစ်ကြိမ်လျှင် တစ်လုံးထက်
တက်မဥပေါင်။
သို့ပေမယ့် လူသိအောင်
ဂုဏ်ဖော်ဆောင် ဟစ်ကြွား။
ကြက်မလို ထိုလူစား
အံ့ဖွယ် မြောက်မြား။ ။
ကို(တက္ကသိုလ်)