တိုးတက်စိုက်ပျိုးထုတ်လုပ်၍ စီးပွားရေးမြင့်မားအောင်ကြိုးပမ်း
မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူများ နေ့စဉ်လူမှုဘဝ၌ လိုအပ်လျက်ရှိသည့် စားသောက်ကုန်များကို ပြည်တွင်း၌ လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်ပြီး ဈေးနှုန်းတည်ငြိမ်ပိုလျှံရေး သည် အရေးပါသည့်အချက်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများ နေ့စဉ်စားသောက် မှုဘဝတွင် ဆန်နှင့်ဆီသည် အဓိကကျသည့်စားသောက်ကုန်ဖြစ်သည်။