သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မြန်မာနိုင်ငံလူရွှင်တော်အသင်းမှ လူရွှင်တော်မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်  ဇန်နဝါရီ   ၂၆

 


သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်အမှတ်  (၅၁) ကို  ဇန်နဝါရီ   ၂၈  ရက်တွင်  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။ 

 


အဆိုပါ ပွဲစဉ်အမှတ်(၅၁)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို သရုပ်ဆောင် စိုးသီဟနှင့် ဂျေနောတို့က တင်ဆက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံ လူရွှင် တော်အသင်းမှ လူရွှင်တော်မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲ များကို ဇန်နဝါရီ  ၂၈၊ ၂၉၊ ၃၀ ရက်နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။                                  

 

သတင်းစဉ်