
နေပြည်တော် ဩဂုတ် ၂၅
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာ ပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၂၉)ကို ဩဂုတ် ၂၇ ရက် ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါ ပွဲစဉ် (၂၉)၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ထူးပြည့်အောင်နှင့် ဆုမြလှိုင် တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဩဂုတ် ၂၇၊ ၂၈၊ ၂၉ ရက်နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ ၆ နာရီ သတင်းအပြီး၌ ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်