
နေပြည်တော် ဇန်နဝါရီ ၁၉
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်အမှတ်(၅၀)ကို ဇန်နဝါရီ ၂၁ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်အမှတ် (၅၀) ၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို သရုပ်ဆောင် စိုးသီဟနှင့် ဂျေနောတို့က တင်ဆက်ကြ မည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ က ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇန်နဝါရီ ၂၁၊ ၂၂၊ ၂၃ ရက်များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV -HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်