သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်    ဇန်နဝါရီ    ၁၂

 


သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၄၉) ကို ဇန်နဝါရီ      ၁၄   ရက်နေ့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက်   ထုတ်လွှင့်မည်ဖြစ် သည်။

 


အဆိုပါ     ပွဲစဉ်   (၄၉)  ၏ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး  အစီအစဉ်ကို တေးသံရှင် ရဲထိုက် နှင့်    ယဉ်လတ်တို့က    တင်ဆက် ကြမည်ဖြစ်ပြီး      လူရွှင်တော် အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများက ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ရာ   ယင်းပြိုင်ပွဲများကို ဇန်နဝါရီ ၁၄ ၊ ၁၅၊ ၁၆ ရက်နေ့ များတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏  MRTV HD မှ ညနေ (၆)    နာရီ    သတင်းအပြီးတွင် ထုတ်လွှင့်      ပြသသွားမည်ဖြစ် ကြောင်း သိရသည်။  

 

သတင်းစဉ်