သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေး အစီအစဉ်၊ လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်    မတ်   ၂၃


သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်အမှတ်(၅၉)ကို မတ်  ၂၅  ရက်တွင်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ  ဆက်လက်ထုတ်လွှင့်မည် ဖြစ်သည်။ 

 


အဆိုပါ ကိုဗစ်-၁၉ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ် တင်ဆက်သူ ရဲထိုက်နှင့် မေဖြူဖြူတို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင် တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြ မည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို မတ်  ၂၅၊ ၂၆၊ ၂၇ ရက်များတွင်   မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။          

 သတင်းစဉ်