သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာမျှဝေမှု အစီအစဉ် လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်    ဇွန်    ၁


သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ    အသိပညာမျှဝေမှု    အစီ အစဉ် (Family Quiz) ပွဲစဉ် (၆၈) ကို  ဇွန်  ၃   ရက်တွင်   မြန်မာ့အသံ နှင့်   ရုပ်မြင်သံကြား၏    MRTV–HD  Channel  မှ  ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။ 

 


အဆိုပါ   ကိုဗစ်-၁၉   ဆိုင်ရာ အသိပညာမျှဝေမှု  အစီအစဉ်ကို အစီအစဉ်တင်ဆက်သူ နေဒွေးနှင့် ဖူးပွင့်သခင်တို့က  တင်ဆက်ကြ မည်ဖြစ်ပြီး  လူရွှင်တော်အသင်းနှင့် ကိုလူချောတို့အဖွဲ့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်း ပြိုင်ပွဲများကို   ဇွန်   ၃ ၊  ၄ နှင့်  ၅  ရက်နေ့များတွင်    မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ MRTV-HD မှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်      ပြသသွားမည်ဖြစ် ကြောင်းသိရသည်။ 

သတင်းစဉ်