သတင်းပေးပို့ဖော်ပြမှု အများဆုံးဆုရရှိသည့် သီပေါမြို့နယ် ပြန်/ဆက်ရုံးအား ထပ်ဆင့်ဂုဏ်ပြု

 

သီပေါ   ဇန်နဝါရီ   ၂၆

 


ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၏ (၃၁) နှစ်မြောက် နှစ်ပတ်လည်နေ့  အခမ်းအနားတွင် မြို့နယ် အလိုက်  သတင်းပေးပို့မှုအများဆုံး   ဒုတိယဆုရရှိသည့် သီပေါမြို့နယ် ရုံးနှင့်  အထူးဆုရရှိသည့်   နောင်ချိုမြို့နယ်ရုံး၊   နမ္မတူမြို့နယ်ရုံးတို့အား အပြန်ခရီးတွင်    အထက်မြန်မာနိုင်ငံ   သတင်းစာဆရာအသင်းက   လက်ဖက်ရည်ဝိုင်းဖြင့်  တည်ခင်းဂုဏ်ပြုပွဲကို   ယနေ့ညနေပိုင်းက နေပြည်တော်Jett Tea House ခန်းမ၌ ကျင်းပရာ   ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်   အထက်မြန်မာနိုင်ငံ   သတင်းစာဆရာများ အသင်းဥက္ကဋ္ဌ    ဦးဌေးအောင် ကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးစိုင်းသာလှိုင်က       ဂုဏ်ပြုစကား ပြောကြား၍        အမှတ်တရ လက်ဆောင်ပစ္စည်းများကို သီပေါမြို့နယ်      ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ခင်နီလာစိုးအား ပေးအပ်ပြီး နောင်ချိုမြို့နယ်ဦးစီးမှူး    ဒေါ်သန်းသန်း ထွေးက   ကျေးဇူးတင်စကား   ပြန်လည်ပြောကြားကြောင်း    သိရ သည်။     

                             

စိုင်း(သီပေါ)