သတင်းနှင့်စာနယ်ဇင်းဝန်ထမ်းဟောင်းများအသင်း သက်ကြီးပူဇော်ပွဲအတွက် အလှူငွေပေးအပ်

 

ရန်ကုန်    နိုဝင်ဘာ    ၂ 


သတင်းနှင့် စာနယ်ဇင်းဝန်ထမ်းဟောင်းများအသင်း အသက်(၈၀)  နှင့်အထက်   ဆရာသမားများနှင့်  အသင်းဝင်         သက်ကြီးဝန်ထမ်းဟောင်းများ သက်ကြီးပူဇော်ပွဲအတွက်     ဒေါ်စန်းမြင့်မြင့်- (ဦးဇော်ဝင်း)က အလှူငွေကျပ် တစ်သိန်း၊ နယူးလိုက်   ဝန်ထမ်းဟောင်း   ဒေါ်စန်းမြင့်  (ခေတ္တဂျပန်)က အလှူငွေကျပ်တစ်သိန်း၊  ဒေါ်ခင်မော်စိုး  (လ/ထ မန်နေဂျာ - ငွေ) (ငြိမ်း) က  အလှူငွေကျပ်တစ်သိန်း၊ ကိုယ်ပွားသတင်းစာတိုက်   (မန္တလေး)   တာဝန်ခံ  ဦးလှခိုင်(စာတည်းမှူး)+ဒေါ်အေးအေးမူက အလှူ ငွေကျပ်ငါးသောင်း၊ ဦးစိုးမင်း(စာတည်း) (ငြိမ်း)က  အလှူငွေကျပ်ငါးသောင်း၊ ဦးစိန်ဝင်း (စီး/ကူး) + (ဒေါ်မာမာအေး) က    အလှူငွေကျပ်   ငါးသောင်း၊ မြန်မာ့အလင်းသတင်းစာတိုက်မှ      မန်နေဂျာ ဦးဇော်မင်းက အလှူငွေကျပ်ငါးသောင်း၊ ဒေါ်မြအေး (ဝန်ထမ်းဟောင်း)၊    ဒေါ်မြင့်မြင့်စိန်(ငွေ/ရှိ)၊ ဒေါ်မြင့်မြင့်သန်း (ပုံနှိပ်ကျွမ်းကျင်) တို့က အလှူငွေ ကျပ် သုံးသောင်းစီ၊  ဦးစိုးထူး (စာရင်းကိုင်-၁)၊ ဒေါ်ကေဇင်လတ် (ရုံးအုပ်) တို့က  အလှူငွေကျပ် နှစ်သောင်းစီ၊ ဦးဝင်းခိုင်၊ ဦးထွန်းထွန်းလင်း (ပုံ/ရှိ)၊  ဦးနှင်းမိုး + ဒေါ်ခင်စုစုအောင်၊     ဒေါ်ခင်ခင်ပြုံး၊ ဒေါ်သက်သက်လှိုင်၊ ဒေါ်ယုယုလှ၊ ဒေါ်အိမွန်ကျော် နှင့် စီမံဌာနမှ ဝန်ထမ်းများက စုပေါင်းအလှူငွေကျပ် ခြောက်သောင်းသုံးထောင်၊     ဒေါ်ခင်သိန်းဝင်း (လ/ထ မန်နေဂျာ)က အလှူငွေကျပ်သုံးသောင်း စုစုပေါင်း  အလှူငွေကျပ် ခုနစ်သိန်းသုံးသောင်း သုံးထောင်ကို နိုဝင်ဘာ ၁ ရက်က မြန်မာ့အလင်း သတင်းစာတိုက်တွင် ပေးအပ်လှူဒါန်းရာ အသင်း ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အမှုဆောင်များက လက်ခံရယူ ခဲ့ကြောင်း သိရသည်။


အေးသန်း (စိန်တုံးကြီး)